menu-iconlogo
huatong
huatong
--cover-image

မဟာဆန်သူ ခင်မောင်တိုး

ခင်မောင်တိုးhuatong
🌟ayekyaw🌟🙇[အူအူး]huatong
Lirik
Rakaman
မဟာဆန်သူ

ခင်မောင်တိုး

နုတ်ဆက်ပြုံးနေသူ

ရှက်လို့သွားအောင်

တခြားဘက်လှည့်ကာ

ကျောခိုင်းပြေးတော့မယ်ပေါ့

ပြန်ပါစေလေ မဟာဆန်သူရေ

မတားနဲ့တော့.....

လက်နဲ့ဆက်လိုသူ တွေ့ဖို့ခက်အောင်

ပြတင်းတံခါးပိတ်ကာ

ကြိတ်မှိတ်အိပ်တော့မယ်ပေါ့

မဟာဆန်သူရေ ပျော်ပါစေလေ

မလွမ်းနဲ့တော့.....

အကျိုးနဲ့အကြောင်း

မလွန်ခင်ရှင်းထားခဲ့ပြီးမှ

ဦးလှည့်လို ဘယ်ကိုနှင်မှာလဲ

ဆုံးဖြတ်တဲ့အတိုင်း ... မင်းရဲ့ကံပေါ့

အနားတိုးလှမ်းလိုသူ

ရပ်တန့်သွားအောင်

အနောက်ဘက်မျက်နှာ

ကျားကွက်ရွှေ့လိုက်တယ်ပေါ့

နေပါစေလေ မဟာဆန်သူရေ

မလှမ်းနဲ့တော့.....

လှသထက် နုယဉ်သူ မင်းမို့ပြုံးရင်

အနီးအလှတွေ

ခေါင်းငုံ့ထားကြမယ်ပေါ့

မဟာဆန်သူရေ ဣနြေရှင်ရေ

မင်းအတွက်ပေါ့......

အကျိုးနဲ့အကြောင်း

မလွန်ခင်ရှင်းထားခဲ့ပြီးမှ

ဦးလှည့်လို့ ဘယ်ကိုနှင်မှာလဲ

ဆုံးဖြတ်တဲ့အတိုင်း

မင်းရဲ့ကံပေါ့.....

အနားတိုးလှမ်းလိုသူ

ရပ်တန့်သွားအောင်

အနောက်ဘက်မျက်နှာ

ကျားကွက်ရွှေ့လိုက်တယ်ပေါ့

နေပါစေလေ မဟာဆန်သူရေ

မလှမ်းနဲ့တော့....

Lebih Daripada ခင်မောင်တိုး

Lihat semualogo