menu-iconlogo
huatong
huatong
avatar

ချမ်းမြေ့ပါစေ

စိုးစန္ဒာထွန်း/Soe Sandar Tunhuatong
montesmhuatong
Lirik
Rakaman
ချမ်းမြေ့ပါစေ

စိုးစန္ဒာထွန်း

တေးရေး စန္ဒရားတင်ဝင်းလှိုင်

ကောင်းမြတ်သော စိတ်ဓါတ်နဲ့ မေတ္တာပွားဝေ

အနန္တသတ္တဝါ ဝေနေယျာတွေ

ကိုယ်ရော စိတ်ပါ အန္တရာယ်ခပ်သိမ်း

ကင်းငြိမ်းချမ်းသာစေ

အရပ်ရှစ်မျက်နှာ မင်္ဂလာမျက်မှောက်

အမြဲရောက်ပါစေ

ကောင်းမြတ်သော စိတ်ဓါတ်နဲ့ မေတ္တာပွားဝေ

အနန္တသတ္တဝါ ဝေနေယျာတွေ

ကိုယ်ရော စိတ်ပါ အန္တရာယ်ခပ်သိမ်း

ကင်းငြိမ်းချမ်းသာစေ

အရပ်ရှစ်မျက်နှာ မင်္ဂလာမျက်မှောက်

အမြဲရောက်ပါစေ

ချမ်းမြေ့ ချမ်းမြေ့ပါစေ

ချမ်းမြေ့ ချမ်းမြေ့ပါစေ

ဖေဖေလည်း ချမ်းမြေ့ပါစေ

မေမေလည်း ချမ်းမြေ့ပါစေ

သားသမီးလည်း ချမ်းမြေ့ပါစေ

ဘဝထိုထိုအတွင်းမှာ

ငိုချင်းရှည်များ ကင်းဝေးကာလေ

ရနံ့ကင်းသော ပန်းလည်းလန်းပါစေ

ရနံ့မွှေးသော ပန်းလည်းလန်းပါစေ

အနီးအဝေး အနိမ့်အမြင့်

ဆင်တိုင်း တင့်တယ်လေ

ဘဝထိုထိုအတွင်းမှာ

ငိုချင်းရှည်များ ကင်းဝေးကာလေ

ရနံ့ကင်းသော ပန်းလည်းလန်းပါစေ

ရနံ့မွှေးသော ပန်းလည်းလန်းပါစေ

အနီးအဝေး အနိမ့်အမြင့်

ဆင်တိုင်း တင့်တယ်လေ

စမ်းသီတာ ရေနှယ်အေးစေ

စမ်းသီတာ ရေနှယ်အေးစေ

မေတ္တာတေးနဲ့ အသံလေးတော့

ပြုလိုက်ချင်ပေ

မေတ္တာတေးနဲ့ အသံလေးတော့

ပြုလိုက်ချင်ပေ

ချမ်းမြေ့ ချမ်းမြေ့ပါစေ

ချမ်းမြေ့ ချမ်းမြေ့ပါစေ

ဖေဖေလည်း ချမ်းမြေ့ပါစေ

မေမေလည်း ချမ်းမြေ့ပါစေ

သားသမီးလည်း ချမ်းမြေ့ပါစေ

မေတ္တာနေခြည်အောက်မှာ သောကနှင်းတို့

ပျောက်ကွယ်နိုင်စေ

မိသားစု ချစ်ခြင်းမေတ္တာလက်များ

မြဲခိုင်ပါစေ

မကွဲ မကွာ အမြဲသာ တွဲကာ

ကမ္ဘာတည်သ၍သာလေ

ချမ်းမြေ့ ချမ်းမြေ့ပါစေ

ချမ်းမြေ့ ချမ်းမြေ့ပါစေ

ဖေဖေလည်း ချမ်းမြေ့ပါစေ

မေမေလည်း ချမ်းမြေ့ပါစေ

အားလုံးလည်း ချမ်းမြေ့ပါစေ

အားလုံးလည်း ချမ်းမြေ့ပါစေ

ကျေးဇူးတင်ပါတယ် ..

Lebih Daripada စိုးစန္ဒာထွန်း/Soe Sandar Tun

Lihat semualogo
ချမ်းမြေ့ပါစေ oleh စိုးစန္ဒာထွန်း/Soe Sandar Tun - Lirik dan Liputan