menu-iconlogo
huatong
huatong
avatar

ပန်းခြွေလက်

သူဇာအောင်huatong
princessbabeyfhuatong
Lirik
Rakaman
ပန်းခြွေလက်

သူဇာအောင်

ဖြိုက်ဖြိုက်ကြွေ ပန်းသဘောသဘာဝ

အမှိုက်သရိုက်ခြေ လွမ်းမောထာဝရ

ရှိုက်ကြီးတငင် လှိုက်သည်းဘဝင်ဆီ

ပဲ့တင်ရိုက်ဟီး ချစ်မီးလောင်မြိုက်

သည်းခြေ ခိုက်ပြီ...

ရှိုက်သံသဲ့သဲ့ သွဲ့သွဲ့ချီ

ဆည်းဆာလည်းအို နေလည်းညိုပြီ

ကျွန်မကျွမ်းအသည်း လွမ်းပွဲဆင်တော့မည်

စက္ကန့်မနှေးနော် သက်တန့်အတွေးပေါ်

လက်ဆန့်ပေးခေါ် ခေါ်နေပြန်ပြီ

မပီဝိုးဝါး ယိုးမှားသံသယ

ဟန်ပြ လှည့်ဖြား

ချစ်တမ်းကစားဟန် ကသီကရီ...

အဖမ်းစား လျှင်သမျှ

ပန်းစားဘုရင်က ဥပါယ်တံမြည်...

နေဝင်ရီတရော

သမုဒယတောမှာ မောခဲ့ပြီ

အချစ်ဆုံး စေတသိတ်

ချစ်အဓိပ္ပါယ် မဆုံးနိုင်ပြီ ...

အချစ်ဦးပေမို့ အတွေ့ထူးပါသည်...

မေ့မေ့မူးမူး ရူးရူးမိုက်မိုက်

ချစ်လိုက်ပါပြီ နှစ်လိုက်ပါပြီ

သို့သော်ကွယ် မကြာမြင့်မီ

ပန်းခြွေသောလက် မတွေးရက်ပြီ

ချစ်ရင်ကိုခွဲ ချစ်သည်းကိုခြွေ

ချစ်သွေးကိုသောက် ပန်းစားဘီလူးတစ်ယောက်

ပြေးထွက် ကွယ် ပျောက်ပြီ ...

ဖြိုက်ဖြိုက်ကြွေ ပန်းသဘောသဘာဝ

အမှိုက်သရိုက်ခြေ လွမ်းမောထာဝရ

ရှိုက်ကြီးတငင် လှိုက်သည်းဘဝင်ဆီ

ပဲ့တင်ရိုက်ဟီး ချစ်မီးလောင်မြိုက်

သည်းခြေ ခိုက်ပြီ...

ရှိုက်သံသဲ့သဲ့ သွဲ့သွဲ့ချီ

ဆည်းဆာလည်းအို နေလည်းညိုပြီ

ကျွန်မကျွမ်းအသည်း လွမ်းပွဲဆင်တော့မည်

စက္ကန့်မနှေးနော် သက်တန့်အတွေးပေါ်

လက်ဆန့်ပေးခေါ် ခေါ်နေပြန်ပြီ

မပီဝိုးဝါး ယိုးမှားသံသယ

ဟန်ပြ လှည့်ဖြား

ချစ်တမ်းကစားဟန် ကသီကရီ...

အဖမ်းစား လျှင်သမျှ

ပန်းစားဘုရင်က ဥပါယ်တံမြည်...

နေဝင်ရီတရော

သမုဒယတောမှာ မောခဲ့ပြီ

အချစ်ဆုံး စေတသိတ်

ချစ်အဓိပ္ပါယ် မဆုံးနိုင်ပြီ ...

အချစ်ဦးပေမို့ အတွေ့ထူးပါသည်..

မေ့မေ့မူးမူး ရူးရူးမိုက်မိုက်

ချစ်လိုက်ပါပြီ နှစ်လိုက်ပါပြီ

သို့သော်ကွယ် မကြာမြင့်မီ

ပန်းခြွေသောလက် မတွေးရက်ပြီ

ချစ်ရင်ကိုခွဲ ချစ်သည်းကိုခြွေ

ချစ်သွေးကိုသောက် ပန်းစားဘီလူးတစ်ယောက်

ပြေးထွက် ကွယ် ပျောက်ပြီ ..

Lebih Daripada သူဇာအောင်

Lihat semualogo