menu-iconlogo
huatong
huatong
avatar

ဆည်းလည်းလှိုက်သံ

ခင္ေမာင္တိုးhuatong
mudvayne_rose197huatong
Lirik
Rakaman
သီချင်း - ဆည်းလည်းလှိုက်သံ

တေးဆို - ခင်မောင်တိုး

ဆည်းလည်းလေးများပွတ်တိုက်ရိုက်သံလို

ခေါင်းလောင်းလေးများထိုးနှက်လှိုက်သံလို

ကြားလိုက်တဲ့အခိုက်အတန့်မှာ

အေးငြိမ်းတဲ့ကျောင်းအရိပ်ဆီ

လှမ်းရင်းပြေးလို့တွေ့လိုက်ချင်ရဲ့

ကျေးငှက်ကလေးတို့ရုတ်တရက်ထပျံစဉ်

သစ်ရွက်ခြောက်မို့လွင့်လို့ကြွေတာဆို

မင်းအတွက်တော့ အမှတ်တမဲ့သာ

ငါ့ဘက်ကဘ၀တစ်သက်တာ

ဆုံးရှုံးမှုနဲ့ ချွေးသိပ်ကာမေ့ပစ်လိုက်ချင်ရဲ့

မိုးနှောင်းကျရေစီးတဲ့ ချောင်းငယ်ရေ

တေးသွားလေးဆို ညည်းရင်းကျောက်စိုင်ကို

ဖြည်းဖြည်းချင်းပွတ်တိုက်ကာနေ့လရက်ဆက်ခဲ့စဉ်

စီးဆင်းရင်းနဲ့ရွေ့ခဲ့တယ်တဲ့

ဆည်းလည်းလေးများပြတဲ့တရားသံကို

စမ်းချောင်းလေးတို့ဇွဲ့နဲ့အားမာန်နဲ့

ပေါင်းစပ်ပြီးကျင့်ခဲ့ရင် အေးငြိမ်းတဲ့သစ်ရိပ်မှာ

စွန့်လွှတ်မှုနဲ့ခွင့်လွှတ်စဉ်ငြိမ်းသွားလိမ့်မယ်တဲ့

ဆည်းလည်းလေးများပွတ်တိုက်ရိုက်သံလို

ခေါင်းလောင်းလေးများထိုးနှက်လှိုက်သံလို

ကြားလိုက်တဲ့အခိုက်အတန့်မှာ

အေးငြိမ်းတဲ့ကျောင်းအရိပ်ဆီ

လှမ်းရင်းပြေးလို့တွေ့လိုက်ချင်ရဲ့

ဆည်းလည်းလေးများပြတဲ့တရားသံကို

စမ်းချောင်းလေးတို့ဇွဲ့နဲ့အားမာန်နဲ့

ပေါင်းစပ်ပြီးကျင့်ခဲ့ရင် အေးငြိမ်းတဲ့သစ်ရိပ်မှာ

စွန့်လွှတ်မှုနဲ့ခွင့်လွှတ်စဉ်ငြိမ်းသွားလိမ့်မယ်တဲ့

Lebih Daripada ခင္ေမာင္တိုး

Lihat semualogo