menu-iconlogo
huatong
huatong
--cover-image

မေမေချစ်တဲ့သားကြီး ဆရာငှက်

ထူးအိမ်သင်huatong
သန်းရွှေ1huatong
Lirik
Rakaman
မေမေချစ်တဲ့သားကြီး

ထူးအိမ်သင်

မေမေရွှေရောင်နှလုံးသား

ချစ်ခြင်းမေတ္တာစုစည်းကာ

စီးဆင်းမြဲအဆိုးအကောင်းလား

သားတို့အပေါ်မရွေးဘူး

မလိုချင်နေမယူချင်နေ

မိုးများလိုရွာသွန်းမြဲ

အိုအားလုံးအချစ်ထက်ကြည်အေးတဲ့

အချစ် အဝေးကိုစီးခဲ့လေတယ်

မေမေချစ်တဲ့သားကြီး

အဝေးဆီရောက်နေပြီ

အချစ်များနဲ့ရည်စူးတဲ့စိတ်

အမြဲတမ်းဦးညွှတ်ပြီး

အို မေမေစိတ်ချမ်းသာကြောင်း

ရင်မှာတောင်းဆုချွေသောအချစ်

မေမေချစ်တဲ့သားကြီး

သီချင်းဖွဲ့လေပြီ

သီချင်းဖန်တီးသူအားလုံး

ကျေးဇူးအထူးတင်ပါသည်

အိုမွေးမေမေ ဒီသချင်းလေး

အချစ်ဆုံးပန်းကိုပန်ခဲ့ပြီး

ပြုမိသောသားတို့အဆိုး

ခွင့်လွှတ်ပါမေမေ

မပြေနိုင်သောဆပ်မကုန်နိုင်သော

မေမေ့ကျေးဇူးပြန်တွေးပြီး

ခရီးကြမ်းထက်လှမ်းလျှောက်ရင်း

ကျွန်တော်ဆပ်ခဲ့ပါမယ်

မေမေချစ်တဲ့သားကြီး

အဝေးဆီရောက်နေပြီ

အချစ်များနဲ့ရည်စူးတဲ့စိတ်

အမြဲတမ်းဦးညွှတ်ပြီး

အို မေမေစိတ်ချမ်းသာကြောင်း

ရင်မှာတောင်းဆုချွေသောအချစ်

မေမေချစ်တဲ့သားကြီး

သီချင်းဖွဲ့လေပြီ

အိုးဟို..ချစ်တဲ့အမေ့ရဲ့သားကြီး

သီချင်းဖွဲ့လေပြီ

Lebih Daripada ထူးအိမ်သင်

Lihat semualogo