ပိတောက်လက်ဆောင်
ဂရေဟမ်
အတာကြူးတဲ့ တန်ခူးလအချိန်အခါ
နစ်ကူးသင်္ကြန်မဟာ
သူကလေးနဲ့တွေ့ရပုံမှာ မေ့လညး်မမေ့နိုင်ပါ
ဒီနှစ်တွင်လည်းကြုံရမှာပဲ
တမ်းတတယ်ဒီအချိန်ခါ
ပိတောက်ပန်းပွင့်တိုင်း သတိရနေသူပါ...
လာပြီလေမပျက်တမ်း
ပိတောက်ပန်းပွင့်တွေခူးလို့သာ
ပျိုပျိုမေလက်ကမ်း လှမ်းလို့ယူစမ်းပါ
မာပါစေမသွေတမ်း
ရေချမ်းတေးတွေဖျန်းလိုက်မှာ
ချမ်းခိုက်ခိုက်တုန်ယင်
အမျက်တော်မဝင်နဲ့ဗျာ
တောင်းပန်ချင်တာ
ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ
ရှင်းရှင်းသန့် သန့် လှရဲ့ဗျာ
ရှင်းရှင်းသန့် သန့် လှရဲ့ဗျာ
ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ
သူ့မျက်နှာရေစင်ဖျန်းတော့
နှုတ်ခမ်းလေးစူကာ
မငြူစူစမ်းနဲ့ လှပျိုဖြူရာ
သိကြားမင်းသာသိသွားရင် ဪမှတ်ချက်ယူသွားမှာ
သတိထားပါ
ပြုံးတော်မူပါရွှေမျက်နှာ
မုန်းတော်မူရင် ကျေလှည့်ပါ
ပိတောက်ဝေဆာရွှေရည်လူးကာ
လက်ဆောင်ယူပါ ဒီနှစ်ကူးမှာ
အပြုံးချင်းပြိုင်လို့လန်းဆန်းကြမှာ
ထူးမြတ်တဲ့ ဒီအချိန်ခါ
မင်္ဂလာယူစမ်းပါ့ခင်ဗျာ
နောင်နှစ်ခါသင်္ကြန်ကျရင် ဝင်းပပမျက်နှာ
ရွှေမေတ္တာ
ပိုမိုထားလို့စောင့်စားတော်မူပါ
ပိတောက်ပန်းတွေ ဝါရည်လူး
ခူးခဲ့မယ်ပန်စရာ
နှစ်သစ်မှာကြည်ကြည်နူးနူး
ကျန်းမာချမ်းသာ ဝမ်းသာစေကြောင်းပါ
................
အတာကြူးတဲ့ တန်ခူးလအချိန်အခါ
နစ်ကူးသင်္ကြန်မဟာ
သူကလေးနဲ့တွေ့ရပုံမှာ မေ့လညး်မမေ့နိုင်ပါ
ဒီနှစ်တွင်လည်းကြုံရမှာပဲ
တမ်းတတယ်ဒီအချိန်ခါ
ပိတောက်ပန်းပွင့်တိုင်း သတိရနေသူပါ...
လာပြီလေမပျက်တမ်း
ပိတောက်ပန်းပွင့်တွေခူးလို့သာ
ပျိုပျိုမေလက်ကမ်း လှမ်းလို့ယူစမ်းပါ
မာပါစေမသွေတမ်း
ရေချမ်းတေးတွေဖျန်းလိုက်မှာ
ချမ်းခိုက်ခိုက်တုန်ယင်
အမျက်တော်မဝင်နဲ့ဗျာ
တောင်းပန်ချင်တာ
ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ
ရှင်းရှင်းသန့် သန့် လှရဲ့ဗျာ
ဪ ရှင်းရှင်းသန့် သန့် လှရဲ့ဗျာ
ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ
သူ့မျက်နှာရေစင်ဖျန်းတော့
နှုတ်ခမ်းလေးစူကာ
မငြူစူစမ်းနဲ့ လှပျိုဖြူရာ
သိကြားမင်းသာသိသွားရင် ဪမှတ်ချက်ယူသွားမှာ
သတိထားပါ...
ပြုံးတော်မူပါရွှေမျက်နှာ
မုန်းတော်မူရင် ကျေလှည့်ပါ
ပိတောက်ဝေဆာရွှေရည်လူးကာ
လက်ဆောင်ယူပါ ဒီနှစ်ကူးမှာ
အပြုံးချင်းပြိုင်လို့လန်းဆန်းကြမှာ
ထူးမြတ်တဲ့ ဒီအချိန်ခါ
မင်္ဂလာယူစမ်းပါ့ခင်ဗျာ
နောင်နှစ်ခါသင်္ကြန်ကျရင် ဝင်းပပမျက်နှာ
ရွှေမေတ္တာ
ပိုမိုထားလို့စောင့်စားတော်မူပါ
ပိတောက်ပန်းတွေ ဝါရည်လူး
ခူးခဲ့မယ်ပန်စရာ
နှစ်သစ်မှာကြည်ကြည်နူးနူး
ကျန်းမာချမ်းသာ ဝမ်းသာစေကြောင်းပါ
Thanks for all
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ကြပါစေဗျ