အချစ်ငှက်ငယ်
တေးရေး ရယ်ဂျီ
တေးဆို ဂရေဟမ်
လှမ်းခဲ့တော့အချစ်ငှက်ငယ်ရယ်
ငါ့ရဲ့နှလုံးသားပေါ် ခိုနားကွယ်
ကြိုကာနေမယ့် ရင်ခွင်ငယ်ထဲ
လှမ်းဝင်ခဲ့
လှမ်းခဲ့တော့အချစ်ငှက်ငယ်ရယ်
ငါ့ကို အချစ်နဲ့ စီရင်ပေးကွယ်
ဘာမဆိုရင်ထဲ ကြည်ဖြူစွာနဲ့
မငြင်းဘူးကွယ်
ငါဟာတကယ်ဆိုအချစ်ဆိုသော
ဘဝကို ဆန်းကြယ်မှုများနဲ့
လွှမ်းခြုံစေသောအရာ
မတွေ့ရှိခဲ့ မသိရှိခဲ့တာလား
တကယ်ဆိုငါဟာဘဝဆိုသော
အသက်ရှင်ရုန်းကန်ရခြင်း
အဓိပ္ပာယ်တွေထဲမှာ
မောပန်းခဲ့လို့
အချစ်မသိခဲ့တာလား
လှမ်းခဲ့တော့အချစ်ငှက်ငယ်ရယ်
ငါ့ရဲ့နှလုံးသားကို
အသက်သွင်းကွယ်
လိုချင်ခဲ့သောအကြင်နာတွေနဲ့
အဆုံးတိုင်ကွယ်
လှမ်းခဲ့တော့အချစ်ငှက်ငယ်ရယ်
ဘဝကိုငြိမ်းချမ်းစွာဖြတ်သန်းမယ်
ဒဏ်ရာတွေနဲ့ နာကျင်ရင်လည်း
မငြင်းဘူးကွယ်
အချစ်ငှက်ငယ်
တေးရေး ရယ်ဂျီ
တေးဆို ဂရေဟမ်
လှမ်းခဲ့တော့အချစ်ငှက်ငယ်ရယ်
ငါ့ရဲ့နှလုံးသားပေါ် ခိုနားကွယ်
ကြိုကာနေမယ့် ရင်ခွင်ငယ်ထဲ
လှမ်းဝင်ခဲ့
လှမ်းခဲ့တော့အချစ်ငှက်ငယ်ရယ်
ငါ့ကို အချစ်နဲ့ စီရင်ပေးကွယ်
ဘာမဆိုရင်ထဲ ကြည်ဖြူစွာနဲ့
မငြင်းဘူးကွယ်
ငါဟာတကယ်ဆိုအချစ်ဆိုသော
ဘဝကို ဆန်းကြယ်မှုများနဲ့
လွှမ်းခြုံစေသောအရာ
မတွေ့ရှိခဲ့ မသိရှိခဲ့တာလား
တကယ်ဆိုငါဟာဘဝဆိုသော
အသက်ရှင်ရုန်းကန်ရခြင်း
အဓိပ္ပာယ်တွေထဲမှာ
မောပန်းခဲ့လို့
အချစ်မသိခဲ့တာလား
လှမ်းခဲ့တော့အချစ်ငှက်ငယ်ရယ်
ငါ့ရဲ့နှလုံးသားကို
အသက်သွင်းကွယ်
လိုချင်ခဲ့သောအကြင်နာတွေနဲ့
အဆုံးတိုင်ကွယ်
လှမ်းခဲ့တော့အချစ်ငှက်ငယ်ရယ်
ဘဝကိုငြိမ်းချမ်းစွာဖြတ်သန်းမယ်
ဒဏ်ရာတွေနဲ့ နာကျင်ရင်လည်း
မငြင်းဘူးကွယ်
ကြိုကာနေမယ့် ရင်ခွင်ငယ်ထဲ
လှမ်း ခဲ့ ကွယ်