menu-iconlogo
huatong
huatong
avatar

ရောင်တော်ဖွင့် (Unicode)

စိုးစန္ဒာထွန်းhuatong
"Say_Z"{💉}huatong
Letra
Gravações
ရောင်တော်ဖွင့်

ရေး - ရွှေတိုင်ညွန့်

ဆို - စိုးစန္ဒာထွန်း

စိန်ဝဇီ

သိင်္ဂီရောင် အသွေး....

အစဉ်တွေးပါရ

ပကတိ မြင်လာမည်....

သြော်...ဘဝင်အေးစရာပ

မဏိကဉ္စနာ.... အညီ

ဝတိံဆောင်အမီ...

ထိန်ပြောင်ကြည်.....

စိန်... ရောင်ခြည် နေ...တနှုန်းသို့

ရွှေဘုန်းတော် အသရေ...မဆုံးပါတဲ့

သုံးလောကပရမေ အရှင်ကိုရည်.....

လက်ဆယ်ဖြာ ထိပ်မှာမိုးပါလို့

ရှိခိုး ပူဇော်..

ဖူးမျှော်ပါတော့....သည်...

ရောင်ခြည်တော်တွေ စုံအညီ

အံ့ဖွယ်ရာ ချီးကျူးလို့

အထူးပင် မဆုံး... တော့သည်

ရောင်ခြည်တော်တွေ စုံအညီ

အံ့ဖွယ်ရာ ချီးကျူးလို့

အထူးပင် မဆုံး... တော့သည်

စာအဆို ပြာညိုရောင်ခြည်

ညိုညိုမှိုင်းမှိုင်း

ရှုတိုင်းလည်းမဝနိုင်သည်

စာအဆို ပြာညိုရောင်ခြည်

ညိုညိုမှိုင်းမှိုင်း

သြော် ရှုတိုင်းလည်းမဝနိုင်သည်

မြသားဣန္ဒနီ သင်္ဂီရောင်အဆင်းလို

စံမယွင်းတူညီ မှန်ကင်းဇမ္ဗူဒီ

မြသား...ဣန္ဒနီ သင်္ဂီရောင်အဆင်းလို

စံမယွင်းတူညီ မှန်ကင်း... ဇမ္ဗူဒီ

ဆံတော်ထက်မှာ ပေါ်ထွက်ပြီ...

မျက်တော်တော်ဆီ မျက်မှောင်တော်ဆီ

အံ့ဖွယ်ကောင်းတဲ့

ညိုမောင်း... သောရောင်ခြည်

လက်ယာနားက ရေအလျှံစီး...

လက်ဝဲနားက ရွှေသဏ္ဌာန်မီး..

လက်ယာနှာခေါင်းတော်က မြဂွမ်းစောင်အညီ...

လက်ဝဲနှာခေါင်း... တော်က လဝန်းရောင်ခြည်

ညိုသောရောင်ခြည် ရွှေသောရောင်ခြည်

နီသောရောင်ခြည် ဖြူသောရောင်ခြည်

ကြည်ညိုဖွယ် ကောင်းလိုက်ပါတဲ့

မောင်းသောရောင်ခြည်

ညိုသောရောင်ခြည် ရွှေသောရောင်ခြည်

နီသောရောင်ခြည် ဖြူသောရောင်ခြည်

ကြည်ညိုဖွယ် ကောင်းလိုက်ပါတဲ့

မောင်းသော... ရောင်ခြည်

ပြိုးပြိုးပြက်ပြက် တစ်ခဲ..နက်သည့်

ရောင်ခြည်တော်စုံညီ....

ကြည်နူးလို့သာ ဦး..ခိုက်မည်

မီးရေတောက်ပွား ခြောက်ပါးသောရောင်ခြည်....

ရွှေဘုန်းရောင်ခြည်

ခြောက်ရောင်ကွန့်မြူး....သည်

တန်ခိုးတော်အနန္တ ပြည့်စုံလှသည်

ဆယ်ဖြာရည်စူး ကြည်နူးမည်

ရွှေဘုန်းရောင်ခြည်

ခြောက်ရောင်ကွန့်မြူး...သည်

တန်ခိုးတော်အနန္တ သြော် ပြည့်စုံလှသည်

ဆယ်ဖြာရည်စူး ကြည်နူးမည်

နေ့တိုင်းစွဲမြဲရသည် ညတိုင်းစွဲမြဲရသည်

ငါးဖြာအဉ္စလီ တင်ချီသမည်

နေ့တိုင်းစွဲမြဲ...ရသည်

ညတိုင်းစွဲမြဲ..ရသည်

ငါးဖြာအဉ္စလီ တင်ချီ..သမည်

စောဗုဒ္ဓမြတ်ဘုရား

တန်ခိုးတော်အား...နဲ့အညီ

ဖူးမဝပြီ ထူးလှတဲ့ ရောင်စုံခြည်.....

.....Music.....

အံ့ဖွယ်ထူးထူး ကွန့်ကာမြူးကြ

ကြည်နူးဖွယ်ရာ ရှိဦးချီ

နီလပီတ လောဟိတနဲ့ သြဒါတစုံညီ

မဥ္စိဌနဲ့ ပဘဿရ

ယုန်စက်ဗွေ ဂုဏ်ကျက်သရေစုံညီ....

သြော် အံ့ဖွယ်ထူးထူး ကွန့်ကာမြူးကြ

ကြည်နူးဖွယ်ရာ ရှိဦးချီ

နီလပီတ လောဟိတနဲ့ သြဒါတစုံညီ

မဥ္စိဌနဲ့ ပဘဿရ

ယုန်စက်ဗွေ ဂုဏ်ကျက်သရေစုံညီ....တဲ့

ကြည်ညိုဖွယ် ကောင်းလေသည်

တကယ့်ကိုပဲ ပျောင်း ..

နွဲ့ ညို.. မောင်းပါတဲ့

ရောင်ခြည်တော်သည်

တစ်ရာ့ရှစ်ကွက်ညီ စက်မြတ်တော်မှသည်

ဆံဖျားတော်တိုင်အောင်

အံ့ဖွယ်ရာဆောင်သည်..

မြူး..ကွန့်တင့်တယ်ပါပေသည်...

ရွှေ..ဘုန်းရောင်ခြည်

ခြောက်ရောင်ကွန့်မြူးသည်

တန်ခိုးတော်အနန္တ ပြည့်စုံလှသည်

ဆယ်ဖြာရည်စူး ကြည်နူး...မည်

ရွှေဘုန်းရောင်ခြည်

ခြောက်ရောင်ကွန့်မြူး..သည်

တန်ခိုးတော်အနန္တ

သြော်.. ပြည့်စုံလှသည်

ဆယ်ဖြာရည်စူး ကြည်နူး .. မည်

နေ့တိုင်းစွဲမြဲရသည် ညတိုင်းစွဲမြဲရသည်

ငါးဖြာအဉ္စလီ တင်ချီ...သမည်

နေ့တိုင်းစွဲမြဲရသည် ညတိုင်းစွဲမြဲရသည်

ငါးဖြာအဉ္စလီ တင်ချီ...သမည်

စောဗုဒ္ဓမြတ်ဘုရား

တန်ခိုးတော်အား .. နဲ့အညီ

ဖူးမဝပြီ ထူးလှတဲ့ ရောင်စုံ.... ခြည်....

ရွှင်လန်းချမ်းမြေ့ကြပါစေ....

Say_Z

Mais de စိုးစန္ဒာထွန်း

Ver todaslogo