သံသရာအလှည့်မှာ. 
..အသိခက်သား... 
ကံကြမ္မာအနွဲ့မှာ 
မချိရတက်ပွား... 
ပြန်လာခဲ့ပါ မိငှက်ခါးလေး 
...ရယ် 
အညာမြေ နွေအလှမှာ 
တမာတွေ ကြွေကျပြန်တော့ကွယ် 
လေရူးပမာ တသုန်သုန်နွဲ့လို့ 
နွေဦးမှာ ဆုံဖူးခဲ့တယ် 
အညာပလီသကာလူး 
တမာဖူးနဲ့ချစ်ဦးသူရယ် 
မျှော်ရသူ မချိရတက်ပွား 
အသိခက်သား မိငှက်ခါးလေရယ် 
******** 
တမာသီးလေးတွေစားလို့များ 
မုသားစကားတွေ 
ပြောတာလားကွယ် 
တမာရိပ်မှာခိုကာနားလို့ 
အသည်းလေးတွေ 
ခါးတာလားကွယ် 
တမာသီးလေးတွေစားလို့များ 
မုသားစကားတွေ 
ပြောတာလားကွယ် 
တမာရိပ်မှာခိုကာနားလို့ 
အသည်းလေးတွေ 
ခါးတာလားကွယ် 
မိုးလယ်တိမ်ယံ 
ပျံပါလေးဦးတော့ 
မိငှက်ခါးလေး...ရယ် 
အားအင်နွဲ့နှောင်း 
အတောင်ပံညောင်းရင် 
သာမောစေဖွယ် 
အညာတောနွေအလယ် 
အထီးကျန် အလှမွဲ 
အကျည်းတန် ဘဝထဲက 
မောင့်ဘဝ နွေသစ်ပင်မှာကွယ် 
ဖိတ်ခေါ်သံအခါခါဆင့်လို့ 
အမှာဆင့်မှာချင် 
တောင်ပံဝင့်လို့ ခိုနားပါကွယ် 
မေတ္တာတေးဆို 
ကြင်ကြင်နာနာ 
ထွေးကာသိပ်မယ် 
လာပါလှည့် အခါခါမနွဲ့ 
ညှာတာတဲ့ စိတ်ကလေးနဲ့ရယ် 
အညာပလီသကာလူး 
တမာဖူးနဲ့ချစ်ဦးသူရယ် 
မျှော်ရသူမချိရတက်ပွား 
အသိခက်သားမိငှက်ခါးလေးရယ် 
******** 
တမာသီးလေးတွေစားလို့များ 
မုသားစကားတွေေ 
ပြောတာလားကွယ် 
တမာရိပ်မှာခိုကာနားလို့ 
အသည်းလေးတွေ 
ခါးတာလားကွယ် 
တမာသီးလေးတွေစားလို့များ 
မုသားစကားတွေ 
ပြောတာလားကွယ် 
တမာရိပ်မှာခိုကာနားလို့ 
အသည်းလေးတွေ 
ခါးတာလားကွယ် 
မိုးလယ်တိမ်ယံ 
ပျံပါလေးဦးတော့ 
မိငှက်ခါးလေးရယ် 
အားအင်နွဲ့နှောင်း 
အတောင်ပံညောင်းရင် 
သာမောစေဖွယ် 
အညာတောနွေအလယ် 
အထီးကျန် အလှမွဲ 
အကျည်းတန် ဘဝထဲက 
မောင့်ဘဝ နွေသစ်ပင်မှာကွယ် 
ဖိတ်ခေါ်သံအခါခါဆင့်လို့ 
အမှာဆင့်မှာချင် 
တောင်ပံဝင့်လို့ ခိုနားပါကွယ် 
မေတ္တာတေးဆို 
ကြင်ကြင်နာနာထွေးကာသိပ်မယ် 
လာပါလှည့် အခါခါမနွဲ့ 
ညှာတာတဲ့ စိတ်ကလေးနဲ့ရယ် 
အညာပလီသကာလူး 
တမာဖူးနဲ့ချစ်ဦးသူရယ် 
မျှော်ရသူမချိရတက်ပွား 
အသိခက်သား မိငှက်ခါးလေးရယ် 
  Smule မှ ကူးယူပြီး 
StarMaker မှာပြန်လည်၍ 
ထပ်ဆင့်မျှဝေပါသည် 
မူရင်းသက်ဆိုင်သူအားလုံးကို 
Credits ပေးပါ၏ 
ကျေးဇူးတင်ပါသည် 
 ရဲနိုင်