မဆုံချင်တော့ရင်လည်း နေပါစေ ဒီတစ်သက် 
အခုတော့ဒီလိုမဟုတ်ပါပဲ လေးဆယ်ကျော် 
ငါးနှစ်အတွင်းမှ ပြန်ဆုံရတယ်ငယ်ချစ်ဦးရယ် 
အော်..တွေးကြည့်ရင် ငယ်ကအကြောင်းတွေက 
ပြန်ပြောင်းသတိရစရာပါကွယ် 
တစ်ယောက်နဲ့တစ်ယောက်မကြည့်ရဲ 
ကြည့်ရဲ နှုတ်ဆက်ရမှာလည်း 
မ၀ံ့မရဲပါကွယ်..ဒီအရွယ်ဆိုပြန်တော့ 
ထိန်းထိန်းသိမ်းသိမ်း နေရတာပါကွယ်.. 
အသက်လေးဆယ်ကျော်မှချစ်တဲ့သူ 
ငယ်ချစ်ဟောင်းကို ပြန်လည်ဆုံရပေမဲ့ 
နှုတ်မဆက်သာ နှုတ်မဆက်ရဲ့ ရင်ထဲ 
အသည်းထဲမှာ ကြိတ်မှိတ်မျိုသိမ့် 
ခံစားရတဲ့ဘ၀ပါ.. 
မဆုံချင်တော့ရင်လည်း နေပါစေ ဒီတစ်သက် 
အခုတော့ဒီလိုမဟုတ်ပါပဲ လေးဆယ်ကျော် 
ငါးနှစ်အတွင်းမှ ပြန်ဆုံရတယ်ငယ်ချစ်ဦးရယ် 
အော်..တွေးကြည့်ရင် ငယ်ကအကြောင်းတွေက 
ပြန်ပြောင်းသတိရစရာပါကွယ် 
တစ်ယောက်နဲ့တစ်ယောက်မကြည့်ရဲ 
ကြည့်ရဲ နှုတ်ဆက်ရမှာလည်း 
မ၀ံ့မရဲပါကွယ်..ဒီအရွယ်ဆိုပြန်တော့ 
ထိန်းထိန်းသိမ်းသိမ်း နေရတာပါကွယ်.. 
ချစ်တတ်တဲ့စိတ်ဆိုတာ အမြဲတမ်း 
ုနုပျိုလန်းဆန်းနေပေမဲ့ တစ်ခါတစ်လေ 
တော့လည်းပဲ 
အသက်အရွယ်ကိုထောက်ရှုပြီးတော့ 
ထိန်းထိန်းသိမ်းသိမ်းနေရတဲ့ဘ၀မျိုး 
ရှိပါသေးတယ် အချစ်ရယ်.. 
မတွေးဘူးဆိုပေမဲ့ တွေးမိသေးတယ် 
ငယ်ချစ်ဦးရယ် အသည်းနင့်နင့်အချစ်ကြီး 
ချစ်လို့ ချစ်မငြီးခဲ့ကြစဉ်မှာကွယ် 
မိအလို ဖအကြိုက် ပေးစားသူကို လက်ထပ် 
ကြဖို့ ဆွေးနွေးတုန်းအခါက သူ့ပါး 
ကိုယ်ပါး မျက်ရည်စတွေ အခုများ 
ရှိသေးနေသယောင်ကွယ်.. 
ခွဲခွာရတော့မှာမို့ အသည်းကလေးများ 
တစ်ဆတ်ဆတ်တုန် ငိုရင်းကြည့်တဲ့ 
အကြည့်ကလေးများက အော်တစ်သက် 
မမေ့စရာ လက်ရမ်းကာနှုတ်ဆက်ပြီးမှ 
မျက်စိကိုမှတ် အံကြိတ်ငိုမိတယ်.... 
လွန်ခဲ့ပါပြီကွယ် ဒါတွေမပြောတော့ပါဘူး 
အခုများကြည့်လေ သားတွေသမီးတွေနဲ့ 
ကိုယ်စီကိုယ်ငှ တို့ဘ၀ပါကွယ် 
ဒီတော့လည်း နှလုံးသားရေး ဘေးမှာထား 
အပြုံးစကားလေး မေးတာများ ဘေးလူကြားရင် 
ရီစရာကွယ် မင်းတို့မိသားစုတွေ ကျန်းမာလို့ 
ချမ်းသာပါစကွယ်... 
မင်းနဲ့ကိုယ်နဲ့ ပြန်ဆုံကြပြန်ပြီအချစ်ရယ် 
ပြန်ဆုံကြပြန်တော့လည်း တို့အသက် 
တို့အရွယ်ကို တွက်ဆကြည့်မယ်ဆိုရင် 
လေးဆယ်ကျော်လို့ ငါးနှစ်တောင်စွန်းတော့မယ် 
ပေါ့ ဒါပေမဲ့လည်း မင်းနဲ့ကိုယ်နဲ့ 
တစ်ယောက်ကို 
တစ်ယောက် သိပ်သိပ်ပြီးတော့ ချစ်တဲ့ 
အခါတုန်းကအဖြစ်အပျက်လေးကိုတော့ 
ရင်ထဲမှာ ပြန်ပြီးတော့ 
သတိရတယ် အချစ်ရယ် 
မင်းနဲ့ကိုယ်နဲ့ တစ်ယောက်ကိုတစ်ယောက် 
ဘယ်လောက်ပဲ ချစ်ပါတယ်ဆိုပေမဲ့ 
မိဘတွေပေးစားတဲ့သူကို လက်ထပ်ကြပါစို့လို့ 
တိုင်ပင်တုန်းကဆိုရင် မင်းနဲ့ကိုယ်နဲ့ 
ပါးချင်းအပ်ပြီးငိုလိုက်ကြတာ 
နင့်ပါးမှာရော ကိုယ့်ပါးမှာပါမျက်ရည်စတွေ 
နဲ့ပါ နောက်ဆုံးတော့မျက်ရည်စတွေထဲက 
အနိုင်နိုင်ပြုံးပြရင်လက်ပြပြီးနှုတ်ဆက်သွာ 
းတဲ့မင်းရဲ့အပြုံးလေးရယ် မင်းမရှိတော့မှ 
ယောကျာင်္းတန်မဲ့အံကြိတ်ငိုရတဲ့ 
ကိုယ့်ဘ၀ရယ်ကိုပြန်လို့ 
တွေးမိပါတယ် အချစ်ရယ် 
မပြောတော့ပါဘူးလေ 
လွန်ခဲ့ပါပြီ အခုတော့ကြည့်စမ်းပါဦး 
မင်းမှာလည်း သားတွေသမီးတွေနဲ့ 
ကိုယ့်မှာလည်း သားတွေသမီးတွေနဲ့ပါ 
ဒီတော့တစ်ယောက်ကိုတစ်ယောက် 
နှုတ်ဆက်စရာ စကားစမရှိလို့ 
ရှာကြံနှုတ်ဆက်စကားကို 
တို့အကြောင်းများ သိတဲ့သူတွေများ 
ကြားလို့ရှိရင် ၀ိုင်းပြီးတော့ရယ်ကြမှာပါ 
မင်းကို ကိုယ်နှုတ်ဆက်မိတာကတော့ 
မင်းတို့မိသားစုတွေ ကျန်းမာလို့ ချမ်းသား 
ကြရဲ့လား နေလို့ထိုင်လို့မှ ကောင်းရဲ့လား 
မတွေးဘူးဆိုပေမဲ့ တွေးမိသေးတယ် 
ငယ်ချစ်ဦးရယ် အသည်းနင့်နင့်အချစ်ကြီး 
ချစ်လို့ ချစ်မငြီးခဲ့ကြစဉ်မှာကွယ် 
မိအလို ဖအကြိုက် ပေးစားသူကို လက်ထပ် 
ကြဖို့ ဆွေးနွေးတုန်းအခါက သူ့ပါး 
ကိုယ်ပါး မျက်ရည်စတွေ အခုများ 
ရှိသေးနေသယောင်ကွယ်.. 
ခွဲခွာရတော့မှာမို့ အသည်းကလေးများ 
တစ်ဆတ်ဆတ်တုန် ငိုရင်းကြည့်တဲ့ 
အကြည့်ကလေးများက အော်တစ်သက် 
မမေ့စရာ လက်ရမ်းကာနှုတ်ဆက်ပြီးမှ 
မျက်စိကိုမှတ် အံကြိတ်ငိုမိတယ်.... 
လွန်ခဲ့ပါပြီကွယ် ဒါတွေမပြောတော့ပါဘူး 
အခုများကြည့်လေ သားတွေသမီးတွေနဲ့ 
ကိုယ်စီကိုယ်ငှ တို့ဘ၀ပါကွယ် 
ဒီတော့လည်း နှလုံးသားရေး ဘေးမှာထား 
အပြုံးစကားလေး မေးတာများ ဘေးလူကြားရင် 
ရီစရာကွယ် မင်းတို့မိသားစုတွေ ကျန်းမာလို့ 
ချမ်းသာပါစကွယ်...