menu-iconlogo
logo

လူဖြစ်ရတဲ့ဒုက္ခ

logo
Letra
သီချင်း : လူဖြစ်ရတဲ့ဒုက္ခ

တေးဆို : မျိုးကျော့မြိုင်

မွေးတုန်းကတော့အကောင်းပဲ

ပြုံးတစ်လှည့် ရယ်တစ်လှည့်နဲ့

မျက်နှာကြီးကမဲ့ရွဲ့ကမ္ဘာကြီးကိုမိတ်ဆက်

နေမင်းကိုအပေါ်မှာလှမ်းတွေ့

ညများစွာကိုယ့်အနား လရိပ်

ဟိုအပြင်ဘက်လမ်းတွေဆီမှာ

မိုးစက်တွေကို ကိုယ်လေစတွေ့

လမ်းများကကိုယ့်ကိုသယ်ဆောင်

ရှေ့မှာဘာတွေဖြစ်မလဲမသိဘူး

နှင်းများက ကိုယ့်ကိုစည်းတား

သွားချင်တိုင်းလည်း မသွားခဲ့ရဘူး

ငယ်ရွယ်တဲ့သူတွေရဲ့စိတ်

ဘာပဲပြောပြော နားမဝင်နိုင်ဘူး

အမုန်းနဲ့အပြုံးတစ်လှည့်စီထိတွေ့

ဘာကိုမှလေ သိပ်ဂရုမစိုက်ဘူး

လမ်းများနဲ့ကိုယ်လိုက်သွားရင်း

တစ်နေရာအရောက်တော့ ခရီးကိုတစ်ကွေ့နား

အရှေ့နားမှာလူတွေကများ

အဖြစ်အပျက်တွေက စောင့်ကြည့်နေလား

အချိန်တွေက ခဏနေရာပေး

လွယ်လွယ်နဲ့ မရမယ့်နေရာလေး

မတည်ငြိမ်တဲ့ငါ့ရဲ့အသိတရား

အောင်မြင်မှုကငါ့ကိုဖမ်းစားပျော်စရာတွေမြင်လေလေ

ငါ့ခြေထောက်ကနှေးသွားအန္တရာယ်ကိုရှောင်လေလေ

ရှေ့တည့်တည့်မှာပြုတ်ကျမိဘတွေမှာတဲ့စကားလည်း

ငါ့ရဲ့စိတ်မှာခဏမေ့တဖြည်းဖြည်းနဲ့မြင်လာချိန်မှာ

ဘဝဆိုတာကိုထိတွေ့ ဘဝဆိုတာကိုထိတွေ့

လူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..

အိုလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..

ဒီလိုနဲ့တရွေ့ရွေ့ဆက်သွား

ငါ့ရဲ့စိတ်တွေကလေလှုပ်ရှား

အဆိုးနဲ့အကောင်းလုပ်ခဲ့သမ ျှကို

စာမျက်နှာပေါ်မှာရေးချအချိန်ဆိုတာကြီးရဲ့နောက်ကို

ငါပြန်လည်ပြေးလိုက်လောကဒဏ်ရဲ့မိန်းမောခြင်းကို

ငါပြင်ဆင်တွေးခိုက်တစ်ယောက်တည်းပဲမွေးလာပေမယ့်

တစ်ယောက်တည်းမနေရဲတဲ့ငါ့ဘဝ

သံယောဇဉ်ပေါင်းသောင်းခြောက်ထောင်နဲ့

ငါရှုပ်နေခဲ့တဲ့အတ္တအမှန်နဲ့အမှားရွေးတတ်လာတဲ့

ဒုတိယအရွယ်ကိုရောက်မှ

လုပ်ခဲ့သမ ျှအမှားများကသံသရာလည်ပြီးရှုပ်ပွ

Depression တွေဝင်လေလေဆရာဝန်တွေဆီပြေးသွား

ဆရာဝန်တွေကပြောတယ်

(ဟေ့ကောင် မင်းကတရားမှမရှိတာကွ)

လူ့ဘဝဆိုတာ လူတစ်ယောက်ကို

Lesson တွေပေးတဲ့နေရာမို့

ငါ့စိတ်ကိုပြန်လည်ဆန်းစစ်

တရားသဘောတွေသိရအောင်လို့

ခရီးအဆုံးကသိပ်မဝေးတော့ဘူး

တစ်ယောက်တည်းပဲသွားရမှာမို့

ဆုံးရှုံးတဲ့အရွယ်တွေအတွက်

အကောင်းဆုံးတွေပဲကိုယ်ရွေးလုပ်

ခရီးတစ်ခုကိုထွက်လာရင်းနဲ့

ကိုယ့်ကိုကိုယ်လေတကယ်ကိုသိမှ

ငါလေတကယ်နောက်ကျနေပြီ

လူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ

လူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..

အို လူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..အင်း

လူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..

အိုလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..

အိုလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..

အိုလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..

အိုလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..

လူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..

အို လူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခ လူဖြစ်ရတဲ့ ဒုက္ခ ..

အိုလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ဒုက္ခလူဖြစ်ရတဲ့ ဒုက္ခ ..

လူဖြစ်ရတဲ့ဒုက္ခ de မျိုးကျော့မြိုင် – Letras & Covers