ပန်းမြိုင်လယ်
မြန်မာပြည်သိန်းတန်
ⓛⓝⓣⓡⓞ 0း 35
Uploader Aye Kyaw
⭐ ⭐ ⭐ ⭐ ⭐
🎵 🎶 🎼 🎶 🎵
ပန်းမြိုင်လယ် ပန်းမြိုင်လယ်
ပန်းမြိုင်လယ် ပန်းမြိုင်လယ်
ပန်း..နဲ့မွှေး မျှော်လေတိုင်း
ပန်း..နဲ့မွှေး မျှော်လေတိုင်း
ကြာခြေစိုင် ဝေမှိုင်းမြူမှုန်ခြယ်
ပြာခြေစိုင် ဝေမှိုင်းမြူမှုန်ခြယ်
အိုဘယ်ဝယ် တောင်စွယ်မှော်ရုံတော
လွန်သာ မောဖွယ်
တော အစုံယံမှာ
ရွှေရည်လျံဝင်းမယ့် ထုံမှုန်ခြွေ
ရီဝေရီဝေပြာပြာ လွမ်းဖွယ်စေ
🎵 🎶 🎼 🎶 🎵
ပန်းမြိုင်လယ် ပန်းမြိုင်လယ်
ပန်းမြိုင်လယ် ပန်းမြိုင်ပန်းမြိုင်လယ်
ပန်း..နဲ့မွှေး မျှော်လေတိုင်း
ပန်း..နဲ့မွှေး မျှော်လေတိုင်း
ကြာခြေစိုင် ဝေမှိုင်းမြူမှုန်ခြယ်
ပြာခြေစိုင် ဝေမှိုင်းမြူမှုန်ခြယ်
အိုဘယ်ဝယ် တောင်စွယ်မှော်ရုံတော
လွန်သာ မောဖွယ်
တော အစုံယံမှာ
ရွှေရည်လျံဝင်းမယ့် ထုံမှုန်ခြွေ
ရီဝေရီဝေပြာပြာ လွမ်းဖွယ်စေ
🎵 🎶 🎼 🎶 🎵
တောတောင်
ဟေမဝါကန္တာ ပန်းနဲ့မြိုင်မှာ
ရနံ့သင်းထုံစွာ မွှေးပြန့်ကာ
တောင်တန်းသေလာ အေးရိပ်သာ
တောတောင်
ဟေမဝါကန္တာ ပန်းနဲ့မြိုင်မှာ
ရနံ့သင်းထုံစွာ မွှေးပြန့်ကာ
တောင်တန်းသေလာ အေးရိပ်သာ
ခိုင်ကုဏ္ဏလာ ခိုင်ပဒုမ္မာ
ထုံစွာကြိုင်လှိုင်လန်း ကြိုင်လှိုင်လန်း
ပန်း..ပန်းမြိုင် လယ်မှာ
ဆန်း..ဆန်းမြိုင် ရဂုံဝဏာ
ခိုင်ကုဏ္ဏလာ ခိုင်ပဒုမ္မာ
ထုံစွာကြိုင်လှိုင်လန်း ကြိုင်လှိုင်လန်း
ပန်း..ပန်းမြိုင် လယ်မှာ
ဆန်း..ဆန်းမြိုင် ရဂုံဝဏာ
မောင့်အသည်းစိုင်မှာ လွမ်းမှိုင်ကာ
မောင့်အသည်း..စိုင်မှာ လွမ်းမှိုင်ကာ
စာစာနာ ကောင်း..သင့်ပါ
စာစာနာ ကောင်းသင့်လျက်ပါ
ဖော်ကွာသူ ပူစေဗျာထောင်ကြွယ်
လှိုက်ဖိုသည်း ရှိုက်ငိုမစဲ
လှိုက်ဖိုသည်း ရှိုက်ငိုမစဲ
ဇွဲတချီချီ ကျူးရင့်ရွှေစည်
ရှစ်ခွင်မှာ မင်းလွင်ပြာလို့
စိမ့်ကြီးမြိုင်ကြီး ဂနိုင်ဆီးတယ်
မြိုင်ကြီးဟေမာ တော..အလယ်
🎷SourceⓜⓤⓢⓘⓒInternet🎷
ကျေးငှက်ကယ် ထွေးယှက်တယ်
မလွဲ ထဝရငယ်
အသွယ်သွယ် အသွယ်သွယ်
အမြဲ မာဂဓကြွယ်
ဘယ်ဆီ ဘယ်ဝယ်
ကျေးငှက်ကယ် ထွေးယှက်တယ်
မလွဲ ထဝရငယ်
အသွယ်သွယ် အသွယ်သွယ်
အမြဲ မာဂဓကြွယ်
ဘယ်ဆီ ဘယ်ဝယ်
တိမ်ပြာငှက်ငယ် ဟင်္သာဆက်ရက်တွေ
မြူးမြူး လို့ရယ်
တိမ်ပြာငှက်ငယ် ဟင်္သာဆက်ရက်တွေ
မြူးမြူး လို့ရယ်
ပုပ္ပေရောလို့ ရှုပ်ပွေနှောသမို့
ရှုပ်ပွေနှောသမို့ ပုပ္ပေရောလို့
ဥရွှေသြက တွန်သံသာတယ်
မှတ်မှတ်ဖို့ကြံရွယ် နတ်နတ်သူဖန်တယ်
ကွန်းသေလာ ငွေယံစောင်းက
ဒေါင်း အိုးဝေးနှယ်
🎵 🎶 🎼 🎶 🎵
ကျေးငှက်ကယ် ထွေးယှက်တယ်
မလွဲ ထဝရငယ်
အသွယ်သွယ် အသွယ်သွယ်
အမြဲ မာဂဓကြွယ်
ဘယ်ဆီ ဘယ်ဝယ်
ကျေးငှက်ကယ် ထွေးယှက်တယ်
မလွဲ ထဝရငယ်
အသွယ်သွယ် အသွယ်သွယ်
အမြဲ မာဂဓကြွယ်
ဘယ်ဆီ ဘယ်ဝယ်
တိမ်ပြာငှက်ငယ် ဟင်္သာဆက်ရက်တွေ
မြူးမြူး လို့ရယ်
တိမ်ပြာငှက်ငယ် ဟင်္သာဆက်ရက်တွေ
မြူးမြူး လို့ရယ်
ပုပ္ပေရောလို့ ရှုပ်ပွေနှောသမို့
ရှုပ်ပွေနှောသမို့ ပုပ္ပေရောလို့
ဥရွှေသြက တွန်သံသာတယ်
မှတ်မှတ်ဖို့ကြံရွယ် နတ်နတ်သူဖန်တယ်
ကွန်းသေလာ ငွေယံစောင်းက
ဒေါင်း အိုးဝေးနှယ်
🎵 🎶 🎼 🎶 🎵
တော..မိဂဓါဝုန်
သမင်ပေါတယ် ပေါတယ်
ဘဝင် စောဖွယ်စောဖွယ်
တော..လေ့လေ့ မိဂဓါဝုန်
သမင်ပေါ..တယ် ဘဝင်စောဖွယ်
အလျင်..ဇော
ဟောဟိုရှေ့မယ် ဟောဟိုရှေ့မယ်
အလျင်..ဇော
ဟောဟိုရှေ့မယ် ဟောဟိုရှေ့မယ်
ကြံ့ပြောင်ဆင် ကျား..ရဲတို့
ပျော်ပါးလို့ ရယ်.. မြူး..ရှာကြ
အုံးကျွက်ကျွက် ညံတယ်
ကုန်းထက်က ကမ်းပါးယံနှယ်
ညီးအလျံ သံစုံဆန်း
ပန်း..ပန်းမြိုင်လယ်
🎵 🎶 🎼 🎶 🎵
တော..မိဂဓါဝုန်
သမင်ပေါတယ် ပေါတယ်
ဘဝင် စောဖွယ်စောဖွယ်
တော..လေ့လေ့ မိဂဓါဝုန်
သမင်ပေါ..တယ် ဘဝင်စောဖွယ်
အလျင်..ဇော
ဟောဟိုရှေ့မယ် ဟောဟိုရှေ့မယ်
အလျင်..ဇော
ဟောဟိုရှေ့မယ် ဟောဟိုရှေ့မယ်
ကြံ့ပြောင်ဆင် ကျား..ရဲတို့
ပျော်ပါးလို့ ရယ်.. မြူး..ရှာကြ
အုံးကျွက်ကျွက် ညံတယ်
ကုန်းထက်က ကမ်းပါးယံနှယ်
ညီးအလျံ သံစုံဆန်း
ပန်း..ပန်းမြိုင်လယ်
⭐ ⭐ ⭐ ⭐ ⭐
🎵 🎶 🎼 🎶 🎵
By👦AyeKyaw🌿greentiger