ချစ်သော
သန်းခေါင်ယံကြယ်များလည်း မလင်းပါ
ကမ္ဘာအိုဟာ တိတ်ဆိတ်လို့နေပြီ
အဝါရောင် သီချင်းလေးတစ်ပုဒ်ကို
နာနာကြင်ကြင် ဖွဖွလေးဆိုညည်း
တူနှစ်ကိုယ်အပြန်အလှန် ချစ်ခဲ့ခြင်းတွေ
ဒီနေရာမှာ ဒီလိုအဆုံးသတ်ပြီ
ဒဏ်ရာတွေနဲ့ ပြတ်လုကြိုးတွေ
အေးအတူပူအမျှ ဘဝကခါးစေသည်။
CHO:•••ကိုယ်ဖမ်းဆုတ်ထားတဲ့
မင်းလက်တစ်ဖက်ဟာ
မသိမသာပြေလျော့နေ
နောက်ကျောခိုင်းထားပြီး ရွေးတဲ့လမ်းမှာ
ပန်းတွေကြွေတော့မလေ
"ချစ်သော"ရေ
အဝေးမှာ ပျော်တော့လေ။
ကြယ်တာရာနဲ့ ချောကလက်လမ်းတွေ
သွားလေသူအတွက် ခင်းလို့ထားနေသည်။
မှုန်မှုန်ရီရီမြူဝန်းရစ်သီ ဆောင်းအိုကြွေလု
နှင်းစက်ကင်းလေပြီ။
CHO:•••ကိုယ်ဖမ်းဆုတ်ထားတဲ့
မင်းလက်တစ်ဖက်ဟာ
မသိမသာပြေလျော့နေ
နောက်ကျောခိုင်းထားပြီး ရွေးတဲ့လမ်းမှာ
ပန်းတွေကြွေတော့မလေ
"ချစ်သော"ရေ
အဝေးမှာ ပျော်တော့လေ။
လိုရာကို ပျံပါတော့
လေစုန်ကို ဆန်ပါတော့
ပြတ်လို့သွားတဲ့စွန်
ရစ်ဘီးကလေးငေးကာနေ
နေညိုရီဝေမှောင်မှိုက်သော
အတိတ်မှာ ကိုယ်နေထိုင်ခဲ့ပြီး
"ချစ်သော"ရေ မင်းအနာဂတ်
လေနုအေးကလေးအေးပါစေ။
လိုရာကို ပျံပါတော့
လေစုန်ကို ဆန်ပါတော့
ပြတ်လို့သွားတဲ့စွန်
ရစ်ဘီးကလေးငေးကာနေ
နေညိုရီဝေမှောင်မှိုက်သော
အတိတ်မှာ ကိုယ်နေထိုင်ခဲ့ပြီး
"ချစ်သော"ရေ မင်းအနာဂတ်
လေနုအေးကလေးအေးပါစေ။