သီချင်း း Tissue
တေးဆို း Floke Rose
နာ နာ နား နား
စတင်တွေ့ဆုံတယ်
အင်တာနက်ထက်ဝယ်
မေးတစ်ခွန်း ဖြေတစ်ခွန်း ငါတို့ဇာတ်လမ်း
ဒီလိုလေး စတယ်
ချစ်သူရှိနိုင်တယ်
ဆိုတာ တွေးမိတယ်
မင်းရဲ့ Reply တွေ နောက်ကျတဲ့အခါ
မချင့်မရဲဖြစ်ခဲ့
နင် ထင်သလို ခင်ရုံမဟုတ်မှန်း
သိထားသင့်တယ်
ယောက်ျားသတ္တိတွေ မင်းနဲ့တွေ့မှ
ဘယ်နားထားမလဲ
ဒီလိုနဲ့ ငါတို့နှစ်ယောက် အမှတ်တမဲ့
တွေ့ဖြစ်ခဲ့ပါတယ်
ဆုံချိန်ခဏ အမှတ်တရများ
ကော်ဖီဆိုင်လေးရဲ့ ထောင့်လေးမှာ
နှုတ်ခမ်းနီရာစွန်းတဲ့ Tissue လေးရယ်
မင်းမသိအောင်ကြိတ်ကာ ငါသိမ်းထားတယ်
နှုတ်ခမ်းနီရာစွန်းတဲ့ Tissue လေးရယ်
သတိရတိုင်းမှာ ထုတ်နမ်းဖြစ်တယ်
ချစ်တယ်ပြောချင်တယ်
ဒါပေမယ့်လည်း
လက်ရှိအနေအထားလေး ပျက်စီးသွားမှာ
ငါကြောက်မိတယ်
ဖုန်းတွေဆက်ချင်တယ်
အချိန်တိုင်းပဲ
အခုခေတ်လိုမျိုးမှာ
မင်းတစ်ယောက်တည်း ငါဘယ်စိတ်ချမလဲ
ရင်မှာခင်တွယ်မိတဲ့ နှုတ်ခမ်းများရယ်
မင်းအပြုံးတွေအောက်မှာ
ဒူးထောက်လို့ ငါကျရှုံးသွားတယ်
ဒီလိုအချစ်နဲ့ မင်းတစ်ယောက်တည်းပဲ
ချစ်ခဲ့ဖူးပါတယ်
ဆုံချိန်ခဏ အမှတ်တရများ
ထာဝရ သိမ်းထားမှာ
နှုတ်ခမ်းနီရာစွန်းတဲ့ Tissue လေးရယ်
ခေါင်းအုံးဘေးမှာ ငါထား ထားတယ်
နှုတ်ခမ်းနီရာစွန်းတဲ့ Tissue လေးရယ်
လွမ်းမိတိုင်းမှာ ထိုင်ပြီးကြည့်တယ်
အို လာ လာ လာ လာ လားး
အို လာ လာ လာ အို ရေးးး
နှုတ်ခမ်းနီရာစွန်းတဲ့ Tissue လေးရယ်
နှုတ်ခမ်းနီရာစွန်းတဲ့ Tissue လေးနဲ့
မျက်ရည်တော့ မသုတ်ပါရစေနဲ့