menu-iconlogo
huatong
huatong
avatar

ညို့မျက်ဝန်း

သားဂန်းhuatong
☠×͜͡Nüḿḃ☠࿎🅓🅔ᵛⁱʟhuatong
Letra
Gravações
ညို့မျက်ဝန်း

တေးဆို-သားဂန်း

နောက်လှည့်အကြည့်တစ်ချက် ဆိုသာရုံလေး

ညှို့မျက်ဝန်းရှင်ရယ်

မင်းပေးသွားတဲ့ ရင်ဝေဒနာလည်း

စက္ကန့်ရွေ့အမျှပါပဲ..

ကလေးငယ်လို လိုလားမှုများစွာနဲ့ရယ်

တောင်းခံသူကို..

အချစ်..တစ်ခြမ်း တစ်ဖဲ့ဖြစ်ဖြစ်

စေတနာသဒ္ဓါသလောက်မျှခဲ့ပါ

အချစ်..လမ်းတစ်ဝက်ဖြစ်ဖြစ်

ကြင်နာနိုင်သလောက်ရွေ့လှမ်းပါ

အချစ်ပန်းတစ်ဝက်ဖြစ်ဖြစ်

တွယ်တာနိုင်သလောက်စွန့်ခဲ့ပါ

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ

ပြောလှည့်ပါ ဟောခဲ့ပါ

အချစ်တရားဦးတစ်ပုဒ် နာလိုသူမှာ

အတွေးများစွာ ပေးထားတာ

အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ

မြေစာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ

တစ်ပြည်ကွာအနမ်းတို့ရဲ့ ဝေးကွာခြင်းနဲ့အတူ

ဒီလူမှာသာဆုံး..ရှုံး..နေမှာပဲလေ

ဆုံးကာ..ရှုံးကာသာ..နေမှာပဲလေ..

ဆုံး..ရှုံး..နေမှာပဲလေ

အမြဲစဉ် ရှုံးကာသာ..နေမှာပဲလေ..

အမြဲ..ရှုံး..နေမှာပဲလေ..အချစ်ရေ..

အသည်းခွင်းမြှားချက် ရင်လည်ဗဟို၌

စူးစိုက်ခဲ့ပြီကွယ်..

အပြုံးဝင့်တချက်က ရင်ကိုတစ်ပါတည်း

သိမ်းပိုက်သွားပြီပဲ..

စိတ်အစဉ်ရယ် တစ်ပါတည်းနဲ့ လိုက်ပါသွားတယ်

ညှို့ပိုင်သူရေ..

အသင့် ပုခုံးနုထက်မှ

အပြာရောင်လွယ်အိတ်ကလေး ဖြစ်ပါရစေ

အသင့် ဖဝါးနုအောက်မှ

ကတ္တီပါဖိနပ်ကလေး ဖြစ်ပါရစေ..

အသင့် ဦးထိပ်ထက်မှ

ငွေရောင်ဆံညှပ်ကလေး ဖြစ်ပါရစေ..

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ

ပြောလှည့်ပါ ဟောခဲ့ပါ

အချစ်တရားဦးတစ်ပုဒ် နာလိုသူမှာ

အတွေးများစွာ ပေးထားတာ

အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ

မြေစာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ

တစ်ပြည်ကွာအနမ်းတို့ရဲ့ ဝေးကွာခြင်းနဲ့အတူ

အသင်ပိုင်ဆိုင်ရာ

အသည်း..ယဇ်..ပလ္လင်တော်ထက်မှာ

မနှေးမြန် စတေးခံကာ နေမှာပဲလေ

အသည်း..ယဇ်..ပလ္လင်တော်ထက်မှာ

ဆုံးကာ ရှုံးကာသာ..နေမှာပဲလေ

ဆုံး..ရှုံး..နေမှာပဲလေ အချစ်ရေ..

Mais de သားဂန်း

Ver todaslogo