နတ်သမီးပုံပြင်
ဆို-အာဇာနည်
ကြယ်လေးတစ်ပွင့်
ကောင်းကင်ယံမှာအဖော်ကင်းမဲ့စွာ
မှိုင်ငေးနေရင်းသူအထီးကျန်ဆဲ
မျှော်လင့်ချက်မဲ့
နေ့ရဲ့အလင်းရောင်စောင့်ရင်း
အမှောင်ကြီးစိုးမှုအောက်မှာ
အားငယ်စွာ ငါလည်းမင်းနဲ့
ဘ၀တူမင်းယုံမလား
တစ်ချိန်ကဖြစ်ခဲ့ဖူးတဲ့
အချစ်ပုံပြင်လေး
မေ့လို့မရနိုင်တာအခုလိုအချိန်ပေါ့
ငါပြန်တွေးကာလွမ်းနေမိ...
နတ်သမီးလေးထွက်ပြေးသွား
ချစ်စိတ်ဟာတကယ်မွန်းကျပ်နေ
နီးခွင့်ရဖို့အတွက်ကို
ငါ့ကြယ်စင်ရယ်
လမ်းညွှန်လှည့်ပါကွာ
တစ်ချိန်ကျရင်ဆုံမလား
ငါစွဲလမ်းကာအမြဲလို
မျှော်လင့်ဆဲပေါ့
ချစ်ခွင့်ရမဲ့ဘ၀ကိုစောင့်နေရင်း
မက်ခဲ့ရတဲ့အိမ်မက်တွေ
တစ်စစီပျက်ယွင်း
ခြေရာတွေဖျောက်
နတ်သမီးလေးရယ်အဝေးထွက်ပြေး
ကြယ်လေးမင်းကူလှည့်ပါ
^^^^^Music^^^^^
ကြယ်လေးရေ
ငါဒီမှာတစ်ယောက်တည်း
မြက်ခင်းစိမ်းပေါ်ရပ်ကာ
အပေါ်ကိုငေးကြည့်ရင်း
တွေ့လိုက်ရတဲ့မင်းရဲ့
ကောင်းကင်ထက်မှာ
တစ်ပွင့်ထည်းရှိနေ
ငါဝမ်းနည်းမိသူထားရစ်ခဲ့
အလွမ်းဒဏ်ငွေ့ရည်ဖွဲ့ပြီး
ပူဆွေးမိုးရေစက်တွေမျက်ရည်မြစ်
အတားအဆီးမဲ့စွာ
စီးဆင်းခဲ့ပြီငါ့အလွမ်း
ဒါကိုမင်းမြင်တွေ့နိုင်မလား
နတ်သမီးလေးထွက်ပြေးသွား
ချစ်စိတ်ဟာတကယ်မွန်းကျပ်နေ
နီးခွင့်ရဖို့အတွက်ကို
ငါ့ကြယ်စင်ရယ်
လမ်းညွှန်လှည့်ပါကွာ
တစ်ချိန်ကျရင်ဆုံမလား
ငါစွဲလမ်းကာအမြဲလို
မျှော်လင့်ဆဲပေါ့
ချစ်ခွင့်ရမဲ့ဘ၀ကိုစောင့်နေရင်း
မက်ခဲ့ရတဲ့အိမ်မက်တွေ
တစ်စစီပျက်ယွင်း
ခြေရာတွေဖျောက်
နတ်သမီးလေးရယ်အဝေးထွက်ပြေး
ကြယ်လေးမင်းကူလှည့်ပါ
^^^^Up by JUE^^^^^
ပြန်ဆုံနိုင်ဖို့ငါတိုင်တည်ရင်း
တောင်းဆုလေးခြွေရင်းနဲ့
အို နှစ်လရှည်
ကြယ်လေးမင်းကူရှာရင်း
သူသိအောင်တစ်ခု
ငါစွဲလမ်းစွာစောင့်နေဆဲပါ
ပြောပေးဖို့...
နတ်သမီးလေးထွက်ပြေးသွား
ချစ်စိတ်ဟာတကယ်မွန်းကျပ်နေ
နီးခွင့်ရဖို့အတွက်ကို
ငါ့ကြယ်စင်ရယ်
လမ်းညွှန်လှည့်ပါကွာ
တစ်ချိန်ကျရင်ဆုံမလား
ငါစွဲလမ်းကာအမြဲလို
မျှော်လင့်ဆဲပေါ့
ချစ်ခွင့်ရမဲ့ဘ၀ကိုစောင့်နေရင်း
မက်ခဲ့ရတဲ့အိမ်မက်တွေ
တစ်စစီပျက်ယွင်း
ခြေရာတွေဖျောက်
နတ်သမီးလေးရယ်နင်ထွက်ပြေး
ကြယ်လေးမင်းကူလှည့်ပါ
Thank?