menu-iconlogo
huatong
huatong
avatar

ငါတို့ရဲ့General

ဖြိုးမြတ်​​အောင်​huatong
AyeKyaw(UOo)huatong
Тексты
Записи
ငါတို့ရဲ့General

ဖြိုးမြတ်အောင်

0း 10

အစိမ်းရောင်ကုတ် တစ်ထည်ထဲကို ဝတ်ခဲ့တယ်

ပဲပြုတ်နံပြားက … သူ့အတွက်

အကောင်းဆုံး မနက်စာတဲ့

ခုံဖိနပ်ကိုစီးကာ တက္ကသိုလ်တက်ခဲ့တယ်

အသက်နဲ့ဘဝကို ပေးဆပ်ရဲခဲ့တယ်

ငါတို့ရဲ့General …

ဓါးလှံသေနတ်တွေကြားမှာ ခေါင်းမော့လျက်

သူ့အနာဂတ်ဟာ

တိုင်းပြည်ကောင်းဖို့ အတွက်တစ်ခုပဲ

ဂရုဏာဒေါသ မေတ္တာသဘောရိုးနဲ့

သူ့ဆဲသံလေးကို ငါတို့တွေ လွမ်းမိတယ်

မြန်မာ့ရဲ့ General...

ထာဝစဉ် ရှင်သန်နေမှာပဲ

သေချာပါတယ် ငါတို့ နှလုံးသားထဲမှာ

အောင်ဆန်းစိတ်ဓာတ်က အစဉ်အမြဲရှိမယ်

ဘာမဆိုရင်ဆိုင်ယှဉ်ပြိုင်ရဲ

ခန္ဓာကိုယ်မှာလည်နေတဲ့ သွေး များက

ဗိုလ်ချုပ်သတ္တိနဲ့ နီစွေးရဲတယ်

အောင်ဆန်း သားသမီးတွေပဲ

ဗိုလ်ချုပ်ရဲ့သွေးတွေပဲ

တို့မြန်မာများ ညီညွတ်ဖို့ပြောခဲ့တယ်

သူ့ဆန္ဒကို လိုက်နာတွဲထား လက်တွေ အမြဲ

ဗိုလ်ချုပ်ချပေးတဲ့ လမ်းညွှန်ချက် တို့နဲ့

နောက်မလှည့်ကြေးသာ ရှေ့ဆက်သွားကြမယ်

လာပါ ရှေ့သို့ ချီတက်မယ်

ထာဝစဉ် ရှင်သန်နေမှာပဲ

သေချာပါတယ် ငါတို့ နှလုံးသားထဲမှာ

အောင်ဆန်းစိတ်ဓာတ်က အစဉ်အမြဲ ရှိမယ်

ဘာမဆိုရင်ဆိုင် ယှဉ်ပြိုင်ရဲ

ခန္ဓာကိုယ်မှာလည်နေတဲ့ သွေး များက

ဗိုလ်ချုပ်သတ္တိနဲ့ နီစွေးရဲတယ်

အောင်ဆန်း သားသမီးတွေပဲ

ဗိုလ်ချုပ်ရဲ့သွေးတွေပဲ...

Music

ထာဝစဉ် ရှင်သန်နေမှာပဲ

သေချာပါတယ် ငါတို့ နှလုံးသားထဲမှာ

အောင်ဆန်းစိတ်ဓာတ်က အစဉ်အမြဲ ရှိမယ်

ဘာမဆိုရင်ဆိုင် ယှဉ်ပြိုင်ရဲ

ခန္ဓာကိုယ်မှာလည်နေတဲ့ သွေး များက

ဗိုလ်ချုပ်သတ္တိနဲ့ နီစွေးရဲတယ်

အောင်ဆန်း သားသမီးတွေပဲ

ဗိုလ်ချုပ်ရဲ့သွေးတွေပဲ

အစိမ်းရောင်ကုတ် တစ်ထည်ထဲကိုဝတ်ခဲ့တယ်

ပဲပြုတ်နံပြားက … သူ့အတွက်

အကောင်းဆုံး မနက်စာတဲ့

ခုံဖိနပ်ကိုစီးကာ တက္ကသိုလ်တက်ခဲ့တယ်

အသက်နဲ့ဘဝကို ပေးဆပ်ရဲခဲ့တယ်

ငါတို့ရဲ့General …

By AyeKyaw greentiger

Еще от ဖြိုးမြတ်​​အောင်

Смотреть всеlogo