သီချင်း - Age 60
တေးဆို - X- Boxin
အသက်၆၀လောက်ထိလွင့်
လွင့်မြော
အသက်၆၀လောက်ထိလွင့်
လွင့်မြော
ဘိုး ဘိုး ဘိုး ဘိုး အသက်အရွယ်ရောက်တဲ့အထိ
နောင်တဆိုတာဘာလဲ ဘယ်တော့မှ
နောက်လှည့်မကြည့်
အသစ်တကာ့အသစ်ဆုံးလမ်းတွေဖောက်ခဲ့ပြီး
ငြိမ်းသတ်လို့မရအောင်ငါကတဟုန်းဟုန်းတောက်တဲ့မီး
ပရိသတ်တွေတောင်အိမ်ထောင်ကျပြီးကလေးတွေနဲ့
ပါးရေနားရေတွေတွန့်လေတွန့်လေပိုပြီးပွေးနေတယ်
လမ်းလေးနည်းနည်းလျှောက်လိုက်တာနဲ့
ချွေးတွေရွှဲ
အသက်၆၀ကျော်ထိ Party ပေးမယ် မွေးနေ့ပွဲမှာ
ချာတိတ်တွေရူးပြီ ဒီအဘိုးကြီးလွင့်နေတယ် ခုထိ
Balenciaga Shoe နဲ့ စိတ်ပျိုတော့ကိုယ်ကနုသည်
ဆံပင်ဖြူတွေနှုပ်ပစ်
သေခြင်းတရားခေါင်းထဲကထုတ်ပစ်
Hip-Hop သီချင်းတွေ တမုန်းဖွင့်ပြီး
အသက်၆၀လောက်ထိလွင့်
အသက်၆၀လောက်ထိလွင့်
လွင့်မြော
အသက်၆၀လောက်ထိလွင့်
လွင့်မြော
Forever Living Young လက်၂ချောင်းဝဲလို့ထောင်
Negative တွေအားလုံးမေ့ပစ် မေ့ပစ်
စိတ်ဓာတ်ကျရင် ကျတဲ့စိတ်ကိုလွှင့်ပစ်
မနက်ဖြန်တိုင်းအတွက် စောစောအိပ်သင့်
အများကြီးမတွေးနဲ့ chill chilling
ချွတ်ထားဘဝတုန်းက ကတ္တရာလမ်းပေါ်
ဆော့ကြပြေးကြ အခုတော့ သမာအာဇီဝနဲ့ငါ
Work Hard Play Hard
အသပြာပေါရင် ဘေးမှာအချောအလှလေးများ
ဘာလိုချင်တာလဲဆိုတာပြောမှပေးပါ
ပျော်စရာကောင်းတဲ့အချိန်မှာ ဒေါသဘေးထား
Birthday Wish လေးတွေ Wall မှာရေးသွား
အရက်နဲ့ Cigarettes လျှော့ချ
တဖြည်းဖြည်း မောမှာ
ပေါလာတာ မကြားဖူးတဲ့ရောဂါ
ငါမအိုဘူးသေချာကြည့်ပါ အလန်းပဲ
အခမ်းနားဆုံးနဲ့ မီးစာခမ်းမယ်
ပိုင်ဆိုင်မှုတွေထားခဲ့ပြီး
အသက်၆၀လောက်ထိလွင့်
အသက်၆၀လောက်ထိလွင့်
လွင့်မြော
အသက်၆၀လောက်ထိလွင့်
လွင့်မြော
(Forever Living Young)
အသက်၆၀လောက်ထိလွင့်
လွင့်မြော
အသက်၆၀လောက်ထိလွင့်
လွင့်မြော