အဝေးရောက်သား
တေးရေး ပိုင်သူဇော်
တေးဆို ပိုင်သူဇော်
ရေမြေခြားတိုင်း တပါးအရပ်မှာ
မြန်မာပြည်ကို
အချိန်တိုင်း လွမ်းနေတယ်
မွေးရပ်မြေအမေ့အိမ်ကလေးဆီ
ပြန်ချင်သော်လည်း
ပြန်ခွင့်မရတယ်
ဘဝရည်မှန်းချက်
မပြည့်စုံနိုင်သေးတယ်
ပျော်ရာမှာမနေရဘူးကွယ်
တော်ရာမှာနေရ
ကိုယ့်ဘဝရယ်
ရေမြေခြားတိုင်း တပါးအရပ်မှာ
မြန်မာပြည်ကို
အချိန်တိုင်း လွမ်းနေတယ်
မွေးရပ်မြေအမေ့အိမ်ကလေးဆီ
ပြန်ချင်သော်လည်း
ပြန်ခွင့်မရတယ်
ဘဝရည်မှန်းချက်
မပြည့်စုံနိုင်သေးတယ်
ပျော်ရာမှာမနေရဘူးကွယ်
တော်ရာမှာနေရ
ကိုယ့်ဘဝရယ်
နေညိုချိန်ဆည်းဆာအလှက
ဒီရင်ကိုပိုလွမ်းရစေတယ်
အမေ့မြို့ဆီငေးမောကြည့်ကာ
ဘယ်အခါ မမေ့ဘူး
အချိန်တိုင်း လွမ်းတယ်
အမေ့ရွာကလေးနဲ့
အမေ့ရဲ့အိမ်ကလေးရယ်
ပြန်လာမယ်
မကြာတော့ဘူးကွယ်
တာဝန်တွေပြီးဆုံးတဲ့တနေ့ကွယ်
ဘဝရဲ့ရည်မှန်းရာ
ဟိုအဝေးကို ကျောကိုင်းထွက်ခွာ
ညီအစ်ကိုမောင်နှမ
ဆွေမျိုးများနဲ့ ဝေးရာဆီမှာ
ရည်မှန်းချက်မပြည့်သေးလို့ပါ
မဖြေသာသော်လည်း
ဘဝအရေးမို့ ခဏလေးဝေးတာ
လူတိုင်းမှာ ဘဝအကြောင်း
ကိုယ်စီပါ
တနေ့တော့ပြန်ခဲ့မှာ
အမေရှိရာ
ကျေးလက်မွေးရပ်ရွာ
ရေမြေခြားတိုင်း တပါးအရပ်မှာ
မြန်မာပြည်ကို
အချိန်တိုင်း လွမ်းနေတယ်
မွေးရပ်မြေအမေ့အိမ်ကလေးဆီ
ပြန်ချင်သော်လည်း
ပြန်ခွင့်မရတယ်
ဘဝရည်မှန်းချက်
မပြည့်စုံနိုင်သေးတယ်
ပျော်ရာမှာမနေရဘူးကွယ်
တော်ရာမှာနေရ
ကိုယ့်ဘဝရယ်
နေညိုချိန်ဆည်းဆာအလှက
ဒီရင်ကိုပိုလွမ်းရစေတယ်
အမိမြေကိုကျောကိုင်းထွက်ခွာ
မြန်မာပြည်သား
တို့များဘဝရယ်
ပန်းတိုင်ရောက်မယ့်
နေ့ရက်မျှော်ရင်းကွယ်
တချိန်ချိန်မှာ အောင်မြင်ရမယ်
ပျော်ရွှင်စွာအပြေးကလေး
ပြန်ခဲ့မယ်
ဘဝရဲ့ရည်မှန်းရာ
ဟိုအဝေးကို ကျောကိုင်းထွက်ခွာ
ညီအစ်ကိုမောင်နှမ
ဆွေမျိုးများနဲ့ ဝေးရာဆီမှာ
ရည်မှန်းချက်မပြည့်သေးလို့ပါ
မဖြေသာသော်လည်း
ဘဝအရေးမို့ ခဏလေးဝေးတာ
လူတိုင်းမှာ ဘဝအကြောင်း
ကိုယ်စီပါ
တနေ့တော့ပြန်ခဲ့မှာ
အမေရှိရာ
ကျေးလက်မွေးရပ်ရွာ
တနေ့တော့ပြန်ခဲ့အမေရှိရာ
ကျေးလက်မွေးရပ်ရွာ
တနေ့တော့ပြန်ခဲ့မှာ
အမေရှိရာ
ကျေးလက်မွေးရပ်ရွာ
အရမ်းနှစ်သက်တဲ့သီချင်းလေးပါဗျာ
ခံစားချက်ခြင်းတူလို့ ရင်ခုန်သံတွေကူးစက်ကြမယ်ဆိုရင် ခံစားသီဆိုကြည့်ပါနော်
ကျွန်တော်ဇွဲထက်ပိုင်ကတော့ အမြဲတမ်းတလွဲပဲဆိုတယ်