သီချင်း - နေရာလေးတစ်ခု
တေးဆို - ထွန်းအိန္ဒြာဗိုလ်
မင်းမသိတဲ့
နေရာလေးတစ်ခုမှာ
မင်းအတွက်ပေါ့
ပြင်ဆင်ထားလိုက်မှာ
ပြတိုက်လို
အကြင်နာသမိုင်းကျောက်စာ
ရှေးကလို
ရာဇ၀င်တွင်ရစ်မှာ
အချစ်များစွာရှိနေနိုင်သလို
မျက်ရည်များရှိနိုင်တယ်
မင်းကြောင့်ကွယ်
ဒီနေရာလေး
လုံခြုံနေဆဲ
ကိုယ်ဆောက်ခဲ့တဲ့
ဒီပြတိုက်ရယ်
ယူဆောင်ရခြင်း
ပေးဆပ်ရခြင်း
အားလုံးကို
ကိုယ်သိမ်းထားတယ်
အချစ်ရယ်
မင်းအချစ်ကို
ပိုင်ဆိုင်ပြီးတဲ့အခါ
ကိုယ့်ဘ၀မှာလိုတာ
မရှိတော့ပါ
ချစ်သမျှကို
စာဖွဲ့မဆုံးတဲ့အခါ
ပြတိုက်ဟာအလိုလို
အချစ်များစွာ
ဘ၀များစွာ
ချစ်နေနိုင်သလို
အမှတ်တရများ
မကုန်နိုင်အောင်
မင်းကြောင့်ကွယ်
ဒီနေရာလေး
လုံခြုံနေဆဲ
ကိုယ်ဆောက်ခဲ့တဲ့
ဒီပြတိုက်ရယ်
ယူဆောင်ရခြင်း
စွန့်လွှတ်ရခြင်း
အားလုံးကို
ကိုယ်သိမ်းထားတယ်
အချစ်လေး
အချစ်များစွာရှိနေနိုင်သလို
မျက်ရည်များရှိနိုင်တယ်
မင်းကြောင့်ကွယ်
ဒီနေရာလေး
လုံခြုံနေဆဲ
မင်းအတွက်ကွယ်
အကြင်နာပြတိုက်ရယ်
ယူဆောင်ရခြင်း
ပေးဆပ်ရခြင်း
အားလုံးကို
ကိုယ်သိမ်းထားတယ်
အချစ်လေး
ဒီနေရာလေး
လုံခြုံနေဆဲ
မင်းအတွက်ကွယ်
ဒီပြတိုက်ရယ်
ယူဆောင်ရခြင်း
စွန့်လွှတ်ရခြင်း
အားလုံးကို
ကိုယ်သိမ်းထားတယ်
အချစ်လေး
ဒီနေရာလေး
လုံခြုံနေဆဲ
မင်းအတွက်ကွယ်
ဒီပြတိုက်ရယ်
ယူဆောင်ရခြင်း
ပေးဆပ်ရခြင်း
အားလုံးကို
ကိုယ်သိမ်းထားတယ်
အချစ်လေး