menu-iconlogo
huatong
huatong
--cover-image

တစ်ပြည်သူမရွှေထား ခင်မောင်တိုး

ခင်မောင်တိုးhuatong
pinoy_disco_mobilehuatong
เนื้อเพลง
บันทึก
တစ်ပြည်သူမရွှေထားရေ

အခြေမတူ ဘဝအနေခြားလေ

အဆင့်အတန်းလည်းဝေးကွာနေ

မဖြစ်မှန်းလည်း တွေးပါသလေ

ဆင်ကန်းတောတိုး ဖြစ်မှာကို

သိပါသလေ

ဒါပေမယ့် သံယောဇဉ်တွေ

တွယ်တာရပါသည်ကောလေ

မသင့်မှန်းလည်းသိပါသလေ

ချစ်လမ်းလည်းမရှိရှာဖွေ

အချစ်ကမ်းပဲ ပြောပါလေ

ထားရေ.....ထားရေ.....

ထားသခင်ကိုမှ

အချစ်ပိုသည်များ

အပြစ်ဆိုမယ်လားလေ

နှလုံးအိမ်တွေလည်း

ပွင့်ထွက်တော့မယ်

ကြာရင်ခက်ရချည်လေ

ဝေးမှာကိုလည်း စိုးပါတယ်ကွဲ့

ထားသခင် အချစ်ဦးရေ ...

မပြောသာပေမယ့်

တီးတိုးစကားတွေ

ကိုယ်တစ်ယောက်တည်းဆိုနေ

တစ်ပြည်သူမရွှေထားရေ

တွယ်တာရပါသည်ကောလေ

ဖွင့်မပြောလည်းသိမှာပေ

အချစ်သဘောနဲ့ ကြည့်ပါလေ

ရင်မောဖွယ့် သိသာလေ

မရွှေထားရေ.....

ဝေးမှာကိုလည်း စိုးပါတယ်ကွဲ့

ထားသခင် အချစ်ဦးရေ

မပြောသာပေမယ့်

တီးတိုးစကားတွေ

ကိုယ်တစ်ယောက်တည်းဆိုနေ

တစ်ပြည်သူမရွှေထားရေ

တွယ်တာရပါသည်ကောလေ

ဖွင့်မပြောလည်းသိမှာပေ

အချစ်သဘောနဲ့ ကြည့်ပါလေ

ရင်မောဖွယ့် သိသာလေ

မရွှေထားရေ...

เพิ่มเติมจาก ခင်မောင်တိုး

ดูทั้งหมดlogo

อาจถูกใจคุณ