ရင်ထဲကဆူး
ရင်ထဲအသည်းထဲက....
ဆူးတယ် အချစ်ရယ်...
ဆူးတယ် ....ဆူးတယ်..
ရင်ထဲကဆူး
အချစ်ဆူးလေးပါကွယ်
မိုးမြေမက မေတ္တာများနဲ့
ရိုးမြေကျချစ်မယ်ဆိုသော
မေတ္တာရှင်မလေးရဲ့.....
သစ္စာအကြင်နာထွေးဖွဲ့
အချစ်ကဗျာလင်္ကာရေးခဲ့
ပေး....လာခဲ့သည်
လက်ဆောင်ပါကွယ်
အချစ်ဆူးလား
အမုန်းဆူးလေလား...
ဆူးတော့ဆူးတယ်ရင်ထဲမယ်
ရင်ထဲကဆူး......
ရင်ထဲကဆူးရယ်.....
####••KO••KO••####
သူ...မရှိလေတဲ့....အထီးကျန်
အကျည်းတန်ဘဝမယ်
လွမ်းတဲ့စိတ်ကလေးများကို
လက်နှစ်ဖက်ရင်မှာဖိတော့
စူးတယ်အချစ်ရယ်
စူးတယ်....စူးတယ်.....
ရင်ထဲကဆူး....
အရမ်းကိုစူးသတဲ့
ဒါပေမဲ့လည်း.....ကွယ်
မနှုတ်ရက်မဖယ်သာ
အရသာ ခံရင်းနဲ့
သတိရတမ်းတနေမယ်ကွယ်
လွမ်းနေလည်းကျေနပ်မိတယ်
အပြစ်ယူအတွေး....နဲ့
ချစ်သူပေး....တဲ့
ရင် ထဲကဆူး.....
ရင်ထဲကဆူး.....ရယ်
အသည်းကိုထုတ်ချင်းပေါက်
နှလုံးသားကိုထုတ်ချင်းပေါက်
စူးပါစေဦး...အချစ်ဆူးလေးရယ်
မင်းပြန်နှုတ်မှ ပြုံးပြုံးလေးနဲ့
ရင်စီးခံပါမယ် မောင့်အလိုတော့
စူးပါစေ တစ်သက်လုံးကွယ်
စူးပါစေ တစ်သက်လုံးကွယ်
သိမ်းထားလိုက်မယ်ရင်ထဲမယ်
ရင်ထဲကဆူး......
ရင်ထဲကဆူး....ရယ်
{စကားပြော}
မင်းပေးခဲ့တဲ့
လက်ဆောင်လေးတစ်ခုကို
မြတ်နိုးတွယ်တာစွာချစ်ခဲ့ပြီး
ကိုယ့်ရဲ့ရင်ထဲမှာတော့
ထာဝစဥ်ပဲ သိမ်းထားမိခဲ့ပါတယ်
အချစ်ရယ်.....
မင်းပေးတဲ့လက်ဆောင်ဟာ
အချစ်ဆူးလား
အမုန်းဆူးလားရယ်လို့
ဝေခွဲပြီးမသိရပေမဲ့
ကိုယ့်ရဲ့ရင်ထဲမှာ
ဆူးတော့စူးပါတယ်အချစ်ရယ်
အချစ်ဆုံးလို့ ပေးခဲ့တဲ့
လက်ဆောင်လေးတစ်ခုမို့
ရင်မှာကြိတ်မှိတ်ခံစားရင်း
မင်းပေးတဲ့ အချစ်ဆူးလေး
ကိုယ့်နှလုံးသားမှာ
စူးနစ်နေပါစေတော့အချစ်ရေ
စူးနစ်နေပါစေတော့
ရင်ထဲအသည်းထဲက....
ဆူးတယ် အချစ်ရယ်...
ဆူးတယ် ....ဆူးတယ်..
ရင်ထဲကဆူး
အချစ်ဆူးလေးပါကွယ်
မိုးမြေမက မေတ္တာများနဲ့
ရိုးမြေကျချစ်မယ်ဆိုသော
မေတ္တာရှင်မလေးရဲ့.....
သစ္စာအကြင်နာထွေးဖွဲ့
အချစ်ကဗျာလင်္ကာရေးခဲ့
ပေး....လာခဲ့သည်
လက်ဆောင်ပါကွယ်
အချစ်ဆူးလား
အမုန်းဆူးလေလား...
ဆူးတော့ဆူးတယ်ရင်ထဲမယ်
ရင်ထဲကဆူး......
ရင်ထဲကဆူးရယ်.....
သူ...မရှိလေတဲ့....အထီးကျန်
အကျည်းတန်ဘဝမယ်
လွမ်းတဲ့စိတ်ကလေးများကို
လက်နှစ်ဖက်ရင်မှာဖိတော့
စူးတယ်အချစ်ရယ်
စူးတယ်....စူးတယ်.....
ရင်ထဲကဆူး....
အရမ်းကိုစူးသတဲ့
ဒါပေမဲ့လည်း.....ကွယ်
မနှုတ်ရက်မဖယ်သာ
အရသာ ခံရင်းနဲ့
သတိရတမ်းတနေမယ်ကွယ်
လွမ်းနေလည်းကျေနပ်မိတယ်
အပြစ်ယူအတွေး....နဲ့
ချစ်သူပေး....တဲ့
ရင် ထဲကဆူး.....
ရင်ထဲကဆူး.....ရယ်
အသည်းကိုထုတ်ချင်းပေါက်
နှလုံးသားကိုထုတ်ချင်းပေါက်
စူးပါစေဦး...အချစ်ဆူးလေးရယ်
မင်းပြန်နှုတ်မှ ပြုံးပြုံးလေးနဲ့
ရင်စီးခံပါမယ် မောင့်အလိုတော့
စူးပါစေ တစ်သက်လုံးကွယ်
စူးပါစေ တစ်သက်လုံးကွယ်
သိမ်းထားလိုက်မယ်ရင်ထဲမယ်
ရင်ထဲကဆူး......
ရင်ထဲကဆူး....ရယ်