သီချင်း - အလွမ်းမိုးရာသီ
တေးရေး - မင်းဂျွန်စိုး
တေးဆို - ဟံသာစိုးမင်း
အလွမ်းတွေကို သယ်ဆောင်လာတဲ့
မုတ်သုံမိုးမင်းရေ
ဇွန်ပန်းတွေ ဖူးပွင့်ကြချိန်
မိုးသည်းထဲ တို့နှစ်ယောက်ဆုံလာ
အလွမ်းရာဇဝင် မိုးကသိတယ်
အလွမ်းဖြေစရာ ရာသီအမှီတော့
လှမ်းလာမိုးနဲ့အတူ
ရင်ထဲမှာအမြဲတမ်း မင်းကို
တမ်းတလို့ သတိနေတာ
အလွမ်း ရာသီမိုးမျက်ရည်
ကြင်နာသူရယ် ဇွန်ပန်းပွင့်ချိန်ပြန်ခဲ့ပါ့မယ်
ချစ်သူပြောတဲ့ စကားသံပြန်ကြားယောင်နေ
အနှစ်တစ်ရာပြောင်းလည်း ဝသန်မိုးတိုင်းစောင့်နေ
အာကာတစ်ခွင်မှာ တိမ်ရိပ်လှိုင်းတွေညိုမဲလို့မှောင်
မိုးရေထဲက ချစ်သူဘယ်ရောက်နေသလဲ
မိုးစက်များပဲ ထာဝရတို့ရဲ့အဖော်
ဆောင်းကိုမခင် နွေကိုတစ်သက်လုံးမုန်းတက်သွားခဲ့ပြီ
ရင်ထဲမှာမစဲသော မိုးတွေ
အမြဲတမ်းပဲ သွန်းဖြိုးရွာနေ
အလွမ်းရာသီ ပျိုးတဲ့မိုးရေ
အလွမ်းတွေကို သယ်ဆောင်လာတဲ့
မုတ်သုံ မိုးမင်းရေ
ဇွန်ပန်းတွေ ဖူးပွင့်ကြချိန်
မိုးသည်းထဲ တို့နှစ်ယောက်ဆုံလာ
အလွမ်းရာဇဝင် မိုးကသိတယ်
အလွမ်းဖြေစရာ ရာသီအမှီတော့
လှမ်းလာမိုးနဲ့အတူ
ရင်ထဲမှာအမြဲတမ်း မင်းကို
တမ်းတလို့ သတိနေတာ
အလွမ်း ရာသီမိုးမျက်ရည်
ကြင်နာသူရယ် ဇွန်ပန်းပွင့်ချိန်ပြန်ခဲ့ပါ့မယ်
ချစ်သူပြောတဲ့ စကားသံပြန်ကြားယောင်နေ
အနှစ်တစ်ရာပြောင်းလည်း ဝသန်မိုးတိုင်းစောင့်နေ
အာကာတစ်ခွင်မှာ တိမ်ရိပ်လှိုင်းတွေညိုမဲလို့မှောင်
မိုးရေထဲက ချစ်သူဘယ်ရောက်နေသလဲ
မိုးစက်များပဲ ထာဝရတို့ရဲ့အဖော်
ဆောင်းကိုမခင် နွေကိုတစ်သက်လုံးမုန်းတက်သွားခဲ့ပြီ
ရင်ထဲမှာမစဲသော မိုးတွေ
အမြဲတမ်းပဲ သွန်းဖြိုးရွာနေ
အလွမ်းရာသီ ပျိုးတဲ့မိုးရေ