menu-iconlogo
huatong
huatong
avatar

နှမြောမိတယ်

Athen Cho Swehuatong
mtawraduhuatong
เนื้อเพลง
บันทึก
သီချင်း - နှမြောမိတယ်

တေးဆို - အေသင်ချိုဆွေ

နင်ဆိုတာတစ်ချိန်ကငါ့ကောင်းကင်

ကြယ်ရောင်များနဲ့လင်းလက်တောက်ပလို့နေခဲ့

ဖြူစင်တဲ့ချစ်ခြင်းတွေ

အရာရာမင်းကငါ့အတွက်အရေးကြီးဆုံးသခင်

အရာအားလုံးနဲ့တို့လဲတယ်

လိုသုံးဖို့အတွက်အသင့်ပေးမယ်

နေဝင်ချိန်အထိ အတူလျောက်ဖို့ရည်စူးတယ်

ဟိုအရင်လိုအခြေအနေတွေကွာခြားလား

နင်အပြောနဲ့လုပ်ရပ်တို့ရှေ့နောက်မညီ

သေရာပါမယ်ထင်တဲ့သံယောဇဉ်

ဒါတွေနင့်ကြောင့်အခုတော့ တဖြေးဖြေးကွယ်ပျောက်ပြီ

ယုံကြည်မှုတို့တလွဲသုံးရက်သူ

မျှော်လင့်ချက်တို့ရိုက်ချိုးသူ

အလိမ်အညာတွေအခါခါ ငါခွင့်မလွှတ်တော့ဘူး

တန်ဖိုးမထားလည်းပဲ Sorry...ရပါတယ်

နောက်တစ်ယောက်နဲ့မင်းအချစ်တို့ထပ်ပေးပါအုံး

ငါနှမြောမိတယ် ချစ်ခဲ့တာတွေ

ငါနှမြောမိတယ် ပေးဆပ်တာတွေ

ကုစားလိုက်မယ် အချိန်တွေရဲ့ကြား

ဝဋ်ကြွေးတို့ပြီးပြီ နင့်အတွက်နောက်တစ်ခါထပ်မလွမ်းဘူး

ရင်ခွင်အသစ်ထဲနင်ပျော်နေတာတွေ့တော့

ခဏတာငါ ဆွံ့အခဲ့ပေမယ့်

အချစ်တို့မျှဝေခံစားတတ်တဲ့သူ

နင်အတွက်နေရာဖျက်စီးလိုက်ပြီ

ဒီရင်ထဲနင်သိအောင်ပြောလိုက်မယ်

သေသူလိုပဲပြန်မလာနဲ့တော့ငါ့ဆီ

ဟိုအရင်လိုအခြေအနေတွေကွာခြားလား

နင်အပြောနဲ့လုပ်ရပ်တို့ရှေ့နောက်မညီ

သေရာပါမယ်ထင်တဲ့သံယောဇဉ်

ဒါတွေနင့်ကြောင့်အခုတော့ တမြေ့မြေ့ကွယ်ပျောက်ပြီ

ယုံကြည်မှုတို့တလွဲသုံးရက်သူ

မျှော်လင့်ချက်တို့ရိုက်ချိုးသူ

အလိမ်အညာတွေအခါခါ ငါခွင့်မလွှတ်တော့ဘူး

တန်ဖိုးမထားလည်းပဲ Sorry...ရပါတယ်

နောက်တစ်ယောက်နဲ့မင်းအချစ်တို့ထပ်ပေးပါအုံး

ငါနှမြောမိတယ် ချစ်ခဲ့တာတွေ

ငါနှမြောမိတယ် ပေးဆပ်တာတွေ

ကုစားလိုက်မယ် အချိန်တွေရဲ့ကြား

ဝဋ်ကြွေးတို့ပြီးပြီ နင့်အတွက်နောက်တစ်ခါထပ်မလွမ်းဘူး

ရင်ခွင်အသစ်ထဲပျော်နေတာတွေ့တော့

ခဏတာငါ ဆွံ့အခဲ့ပေမယ့်

အချစ်တို့မျှဝေခံစားတတ်တဲ့သူ

နင်အတွက်နေရာဖျက်စီးလိုက်ပြီ

ဒီရင်ထဲနင်သိအောင်ပြောလိုက်မယ်

သေသူလိုပဲပြန်မလာနဲ့တော့ငါ့ဆီ

အချစ်တို့မျှဝေခံစားတတ်တဲ့သူ

နင်အတွက်နေရာဖျက်စီးလိုက်ပြီ

ဒီရင်ထဲနင်သိအောင်ပြောလိုက်မယ်

သေသူလိုပဲပြန်မလာနဲ့တော့ငါ့ဆီ

เพิ่มเติมจาก Athen Cho Swe

ดูทั้งหมดlogo