မင်းမရှိရင် 
နေရဲ့ အလင်းရောင် 
ခံယူပေမဲ့  အလှမမြင် 
မင်းမရှိရင် 
နွေရဲ့ ဘ၀ပြင် 
နေချင်စရာ 
ဘယ်မှာရှိမလဲ 
အတွယ်အတာကင်းကင်းနဲ့  
ဖြစ်ပါ့မလားမင်းမရှိရင် 
မင်းမရှိရင် 
ရေမဲ့ငါးအသွင် 
မြေပြင်မှာ လူးလွန့် ချင် 
မင်းမရှိရင် 
အတောင်ကျိုးငှက်အသွင် 
ဝေဟင်မှာ ဘယ်လိုပျံမလဲ 
ကိုယ့်ရဲ့ ဘ၀အတွယ်အတာ 
ကင်းကင်းနဲ့  
ဖြစ်ပါ့မလားမင်းမရှိရင် 
လူတွေကပြောကြ 
တို့ ဘ၀ထဲမ၀င်နဲ့  
ဘယ်လိုဖြေမလဲ 
မင်းအဆုံးအဖြတ်တစ်ခုထဲ 
အပီပြင်ဆုံး 
အသိချင်ဆုံး အဖြေဘဲ 
မင်းမရှိရင် 
မှောင်မိုက်ညအသွင် 
မြင်မြင်ရာဝိုးတ၀ါးထင် 
မင်းမရှိရင် 
ကိုယ်လဲရူးချင် 
ဖြေသိမ့်စရာဘာကျန်မှာလဲ 
ကိုယ့်ရဲ့ ဘ၀အတွယ်အတာ 
ကင်းကင်းနဲ့  
ဖြစ်ပါ့မလားမင်းမရှိရင် 
လူတွေကပြောကြ 
တို့ ဘ၀ထဲမ၀င်နဲ့  
ဘယ်လိုဖြေမလဲ 
မင်းအဆုံးအဖြတ်တစ်ခုထဲ 
ဘယ်လိုလဲ 
ဘယ်လိုလဲ 
ဘယ်လိုလဲ 
မင်းမရှိရင် 
မှောင်မိုက်ညအသွင် 
မြင်မြင်ရာဝိုးတ၀ါးထင် 
မင်းမရှိရင် 
ကိုယ်လဲရူးချင် 
ဖြေသိမ့်စရာဘာကျန်မှာလဲ 
ကိုယ့်ရဲ့ ဘ၀အတွယ်အတာ 
ကင်းကင်းနဲ့  
ဖြစ်ပါ့မလားမင်းမရှိရင် 
မိုးဆုံးမကခြားမလားထင် 
ဟင် ဟင် ဟင် 
  Smule မှ ကူးယူပြီး 
StarMaker မှာပြန်လည်၍ 
ထပ်ဆင့်မျှဝေပါသည် 
မူရင်းသက်ဆိုင်သူအားလုံးကို 
Credits ပေးပါ၏ 
ကျေးဇူးတင်ပါသည် 
 ရဲနိုင်