menu-iconlogo
logo

အားနာတယ်

logo
بول
အားနာတယ်

ဆို/နေမင်းအိမ်

ရေး/ဝေလ

3

2

1

Go…

အားလုံးကငါ့အပြစ်တွေပါကွယ်

အရှုံးနဲ့ နှုတ်ဆက်လိုက်ပါတယ်

နင်မနေချင်တဲ့

ရပ်ကွက်ထဲမှာငါ့ကိုချန်ခဲ့

တတ်စွမ်းသလောက်

ပေးဆပ်ပါသော်လည်း

နင်လိုချင်တာတွေ

အကုန်မပြည့်ခဲ့

အချစ်ကလွဲရင်

ငါအားလုံးချို့တဲ့တယ်

ငါဝယ်ပေးခဲ့သော

နှုတ်ခမ်းနီလေးဟာ

ဈေး သိပ်ပေါ

နင့် နှုတ်ခမ်းတွေကို

အားနာတယ်

ဟင် ငါလိုလူကိုကွယ်

နင်မချစ်ပါနဲ့

နင်ပျော်အောင်မထားနိုင်တဲ့

ငါလိုကောင်ရဲ့

ကံဇာတာက ဆိုးလွန်းတယ်

နွံနစ်နေတဲ့

နင်ဟာ ပတ္တမြားပါပဲ

အရောင် မမှိန်စေနဲ့

ဟိုးး နင်ထွက်သွားပါကွယ်

ငါ့ဘက်ကသွေးနည်းတယ်ဆိုလည်း

မင်းကောင်းစားဖို့ တစ်ခုအတွက်ပဲ

အရောင်တွေစုံတဲ့

မြို့ပြထဲမှာမင်းပျော်ပါကွယ်

ရှေးဟောင်းဇာတ်ထုပ်တွေချန်ခဲ့

ထမင်းရည်အတူတူမသောက်စမ်းနဲ့

အပေါစားကြားမှာ

မင်းအလှပျက်လိမ့်မယ်

သနပ်ခါးရနံ့လေးတွေ

မွှေးခဲ့သော နင့်ပါးပြင်လေးရယ်

ငါနဲ့ မတန်တော့ဘူးထင်တယ်

ဟူး ငါလိုလူကိုကွယ်

နင်မချစ်ပါနဲ့

နင်ပျော်အောင်မထားနိုင်တဲ့

ငါလိုကောင်ရဲ့

ကံဇာတာကဆိုးလွန်းတယ်

နွံနစ်နေတဲ့ နင်ဟာပတ္တမြားပါပဲ

အရောင်မမှိန်စေနဲ့ ဟိုး…

နင်ထွက်သွားပါကွယ်

3

2

1

Go…

သနပ်ခါးရနံ့လေးတွေ

မွှေးခဲ့သော နင့်ပါးပြင်လေးနဲ့

နင့်နှုတ်ခမ်းတွေကိုအားနာတယ်

ဟူး…ငါလိုလူကိုကွယ်

နင်မချစ်ပါနဲ့

နင်ပျော်အောင်မထားနိုင်တဲ့

ငါလိုကောင်ရဲ့

ကံဇာတာကဆိုးလွန်းတယ်

နွံနစ်နေတဲ့ နင်ဟာ ပတ္တမြားပါပဲ

အရောင်မမှိန်စေနဲ့

ဟိုး... နင်မချစ်ပါနဲ့

နင်ပျော်အောင်မထားနိုင်တဲ့

ငါလိုကောင်ရဲ့

ကံဇာတာက ဆိုးလွန်းတယ်

နွံနစ်နေတဲ့

နင်ဟာ ပတ္တမြားပါပဲ

အရောင်မမှိန်စေနဲ့

ဟိုးး..နင်ထွက်သွားပါကွယ်....

အိုး… ငါနေခဲ့ပါမယ်

Thank You