menu-iconlogo
huatong
huatong
avatar

ချစ်မှာလား

Banyar Hanhuatong
smitty2rice3huatong
بول
ریکارڈنگز
သီချင်း - ချစ်မှာလား

တေးဆို - Banyar Han + Soe Sandar Htun

သူဇာပုံနှုန်း ချိုပြုံးတဲ့သူရယ်

စိတ်နှလုံးတော်ကြည်လှတယ်..

သူဇာပုံနှုန်းချိုပြုံးတဲ့သူရယ်

စိတ်နှလုံးတော်ကြည်လှတယ်...

ပင်ကိုယ်ချော အပြောမူယာကြွယ်

ဇမ္ဗူဒီပါဝယ် ရှားလောက်ပေတယ်

အသားတော်ညိုပြာညက်ကယ်

ရွှေနန်းထွက်နဲ့မတူပါတယ်သက်လှယ်..

ချစ်ရေးကိုမြှူတယ်

ကြိုက်ဖို့ပြင်ချူတယ်

ယုံလောက်အောင်ပဲကွယ်

တွေ့လိုက်ရင်ခြွဲတယ်...

ချစ်ရေးကိုမြှူတယ်

ကြိုက်ဖို့ပင်ချူတယ်

ယုံလောက်အောင်ပဲကွယ်

တွေ့လိုက်ရင်ခြွဲတယ်....

အချစ်ကိုယုံ

ပုံဖို့ခက်တယ်ပျိုသက်လှယ်

နောင်ခါမောင်ရယ်

မကြည်ဖြူပဲနဲ့ရက်စက်မယ်...

သူဇာခင်ရယ်အစဉ်ကွယ်

အသက်ထက်ဆုံးပေါင်းပါ့မယ်

ဘုရားမြတ်ရှေ့ဝယ်

သစ္စာလည်းထားပါမယ်...

နိဗ္ဗာန်နန်းပလ္လင်အတူဝင်မယ်

ဖုန်းမောင့်သက်လှယ်ယုံပါကွယ်..

ခင့်ကိုချစ်ပါတယ်ယုံပါတော့ကွယ်

မောင့်မျက်ခြယ်ရယ်ခင်မင်တယ်...

ကြင်နာပါကွယ်မောင်ရယ်

ပျိုပျိုအားကိုးတော့မယ်

စိမ်းကားနဲ့ကွယ်ချစ်မှာလားခင့်အပေါ်ဝယ်..

ဂန္ဓမာသိင်္ဂီတောင်ဝယ်

စန္ဒာကိန္နရီမောင်မယ်

တောင်ပံယှက်ကာချစ်ရှာတယ်

မေတ္တာကြွယ်.

ဂန္ဓမာသိင်္ဂီတောင်ဝယ်

စန္ဒာကိန္နရီမောင်မယ်

တောင်ပံယှက်ကာချစ်ရှာတယ်

မေတ္တာကြွယ်..

ရှစ်ကမ္ဘာကုန်လည်းမပစ်ပယ်

အနှစ်တရာကုန်လည်းချစ်မယ်

အသစ်တွေဘယ်လိုကောင်းကွယ်

အဟောင်းကိုတော့တလည်လည်ပါ

ခင်ရယ်..

ရွှန်းရွှန်းဝေတကယ်

အလွမ်းစကားနဲ့နှုတ်လျှာပွန်းအောင်ကွယ်

ပျိုမေစွဲအောင်ချွဲတတ်ပေတယ်

အသည်းထဲအမြဲပဲသနားဖွယ်

ယောကျာ်းတွေမုသားစကားကြွယ်..

အလိုလိုက်လို့မိုက်မိကာရယ်

ချစ်ကြိုက်မိပါတယ်

မောင်ကလည်းယုယလို့ချစ်မှာလား

ခင့်အပေါ်ဝယ်

နောင်ရေးကိုပျိုတွေးမိတယ်...

သူဇာခင်ရယ်အစဉ်ကွယ်

အသက်ထက်ဆုံးပေါင်းပါ့မယ်

ဘုရားမြတ်ရှေ့ဝယ်

သစ္စာလည်းထားပါမယ်..

နိဗ္ဗာန်နန်းပလ္လင်အတူဝင်မယ်

ဖုန်းမောင့်သက်လှယ်ယုံပါကွယ်..

ခင့်ကိုချစ်ပါတယ်ယုံပါတော့ကွယ်

မောင့်မျက်ခြယ်ရယ်ခင်မင်တယ်..

ကြင်နာပါကွယ်မောင်ရယ်

ပျိုပျိုအားကိုးတော့မယ်

စိမ်းကားနဲ့ကွယ်ချစ်မှာလား

Banyar Han کے مزید گانے

تمام دیکھیںlogo