သီချင်း - တစ်လိမ်နှစ်လိမ်
တေးဆို - Banyar Han + Soe Sandar Htun
ချစ်တာကိုလေပြောပြစမ်းချင်တယ်
ခင်ယုံကွယ်ကျိန်စာမောင်ပြုပါမယ်
ကြိုက်တာကိုလေပြောပြစမ်းချင်တယ်
ခင်ယုံကွယ်ကျိန်စာမောင်ပြုပါ့မယ်
ချစ်လိုရယ်
သက်ဆုံးပေါင်းဖို့ရွယ်
မောင်ရဲအသည်းနှလုံးကိုခွဲပြချင်တယ်
လှသူဇာနွယ်ချောလဲချောပေတယ်
ချစ်ချင်ဖွယ်ကိုကိုရှောင်ရှားမရတယ်
တစ်လိမ်နှစ်လိမ်ပွေလိမ်ရှုပ်တယ်
လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကိုချစ်ပါပဲနဲ့
ကိုကိုချွဲတော့တယ်
ချစ်မယ်ကြိုက်မယ်သက်လယ်
အတည်ပြောတာပါကွယ်
ခက်တယ်သက်လယ်မျက်ခြယ်
ဘယ်သူများကြားကဖျက်တယ်ပြောပါ
ခင်လေးရယ်
ဟင့်ဟင့်ဟင့်
လိမ်တယ်ညာတယ်လူညာကြီးရယ်
ယုံအောင်ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ်ပစ်လို့
သွားရင်ပျိုပျိုခက်တော့မယ်
ခင်မင်တာတွေကွယ်
မေတ္တာရစ်ပတ်ကာရယ်
သစ္စာခက်လတ်အသွယ်သွယ်
ကြင်နာတာတွေကွယ်
မေတ္တာရစ်ပတ်ကာရယ်
သစ္စာခက်လတ်အသွယ်သွယ်
ပြောပြခဲ့လို
ယုံယုံကြည်ကြည်ချစ်စေချင်တယ်
ချစ်စေချင်တယ်
မောင့်ကိုချစ်ရင်ပြောပါလားကွယ်
မယုံနိုင်ပါမောင်ရယ်
ခင့်ကိုပြောတော့ကြင်မယ်
နောက်ကွယ်ကျတော့ရှင်လယ်
ခင်ရယ်ယုံပါကွယ်
တစ်လိမ်နှစ်လိမ်ပွေလိမ်ရှုပ်တယ်
လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကိုချစ်ပါပဲနဲ့
ယုံအောင်ချွဲတော့တယ်
ချစ်မယ်ကြိုက်မယ်သက်လယ်
အတည်ပြောတာပါကွယ်
ခက်တယ်သက်လယ်မျက်ခြယ်
ဘယ်သူများကြားကဖျက်တယ်
ပြောပါခင်လေးရယ်
ဟင့် ဟင့်ဟင့်
လိမ်တယ်ညာတယ်လူညာကြီးရယ်
ယုံအောင်ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ်ပစ်လို့သွားရင်
ပျိုပျိုခက်တော့မယ်
ခင်မင်တာတွေကွယ်
မေတ္တာရစ်ပတ်ကာရယ်
သစ္စာခက်လတ်အသွယ်သွယ်
ကြင်နာတာတွေကွယ်
မေတ္တာရစ်ပတ်ကာရယ်
သစ္စာခက်လတ်အသွယ်သွယ်
ပြောပြခဲ့လို
ယုံယုံကြည်ကြည်ချစ်စေချင်တယ်
ချစ်စေချင်တယ်
မောင့်ကိုချစ်ရင်ပြောပါလားကွယ်
မယုံနိုင်ပါမောင်ရယ်
ခင့်ကိုပြောတော့ကြင်မယ်
နောက်ကွယ်ကျတော့ရှင်လယ်