လျှပ်စစ်ပွဲတော်ည
တေးရေး - မောင်သစ်မင်း
တေးဆို - Lဆိုင်းဇီ
ကြယ်ပင်လယ် လျှပ်စစ်ပွဲခင်းထဲ
ရင်ခုန်စွာလမ်းလျှောက်ကာ ဝင်လာခဲ့
လူတွေဟာသီချင်း လှိုင်းများထဲ
ခိုဝင်ကာပျော်ရွှင်ကြည်နူးသွား
အားလုံးသူလို ကိုယ်လိုပဲကွယ်
နှလုံးသားကိုယ်စီ အကုန်ပါသွားတယ်
၀ိုး..၀ိုး..၀ိုး..အချစ်ရယ်
ကြည့်လေ တို့လိုပဲ
လူတိုင်းစိတ်ထဲလှုပ်ရှား
ရောင်စုံမီးလုံးများ
ကြယ်တွေလိုပဲသိပ်လှတယ်
ပွဲတော်ည...ည...ည
တေးသွားများထဲဝယ်
ရောင်စုံအသဲနှလုံးများ
သံစဉ်တွေကြားလှပတယ်
ပွဲတော်ည..ည..ည
လျှပ်စစ်ညပေ့ါကွယ်
ရောင်စုံဒီဇိုင်းအမျိုးမျိုး
လူတွေဝတ်စားထားကြတယ်
ပွဲတော်ည..ည..ည
ပြုံးပြနှုတ်ဆက်တယ်
ရောင်စုံသကြားလုံးများ
ရောင်စုံဘောလုံးများနဲ့ကွယ်
ပွဲတော်ည..ည..ည..
ကလေးများတပ်မက်ဖွယ်
ကြယ်ပင်လယ် လျှပ်စစ်ပွဲခင်းထဲ
ရင်ခုန်စွာလမ်းလျှောက်ကာ ဝင်လာခဲ့
လူတွေဟာသီချင်း လှိုင်းများထဲ
ခိုဝင်ကာပျော်ရွှင်ကြည်နူးသွား
အားလုံးသူလို ကိုယ်လိုပဲကွယ်
နှလုံးသားကိုယ်စီ အကုန်ပါသွားတယ်
၀ိုး..၀ိုး..၀ိုး..အချစ်ရယ်
ကြည့်လေတို့လိုပဲ
လူတိုင်း စိတ်ထဲလှုပ်ရှား
ရောင်စုံမီးလုံးများ
ကြယ်တွေလိုပဲသိပ်လှတယ်
ပွဲတော်ည..ည..ည
တေးသွားများထဲဝယ်
ရောင်စုံအသဲနှလုံးများ
သံစဉ်တွေကြားလှပတယ်
ပွဲတော်ည..ည..ည
လျှပ်စစ်ညပေ့ါကွယ်
ရောင်စုံဒီဇိုင်းအမျိုးမျိုး
လူတွေဝတ်စားထားကြတယ်
ပွဲတော်ည..ည..ည
ပြုံးပြနှုတ်ဆက်တယ်
ရောင်စုံသကြားလုံးများ
ရောင်စုံဘောလုံးများနဲ့ကွယ်
ပွဲတော်ည..ည..ည
ကလေးများတပ်မက်ဖွယ်
ငယ်ရွယ်သူတွေ ပျော်ရွှင်သွား
ပျော်ရွှင်သူတွေ ငယ်ရွယ်သွား
စိတ်ညစ်မှုတို့ဆေးကြောကာလေ
ချက်ချင်းနုပျိုသွား
နာကျင်တွေဝေ အိပ်မက်များ
အိမ်နံရံမှာ အသာချိတ်ပြီး
ပွဲခင်းထဲသို့လျှောက်ခဲ့ပါကွယ်
ဒီညတော့ပြင်ထား
ငယ်ရွယ်သူတွေ ပျော်ရွှင်သွား
ပျော်ရွှင်သူတွေ ငယ်ရွယ်သွား
စိတ်ညစ်မှုတို့ဆေးကြောကာလေ
ချက်ချင်းနုပျိုသွား
နာကျင်တွေဝေ အိပ်မက်များ
အိမ်နံရံမှာ အသာချိတ်ပြီး
ပွဲခင်းထဲသို့လျှောက်ခဲ့ပါကွယ်
ဒီညတော့ပြင်ထား
ရောင်စုံမီးလုံးများ
ကြယ်တွေလိုပဲသိပ်လှတယ်
ပွဲတော်ည..ည..ည
တေးသွားများထဲဝယ်
ရောင်စုံအသဲနှလုံးများ
သံစဉ်တွေကြားလှပတယ်
ပွဲတော်ည..ည..ည
လျှပ်စစ်ညပေ့ါကွယ်
ရောင်စုံဒီဇိုင်းအမျိုးမျိုး
လူတွေဝတ်စားထားကြတယ်
ပွဲတော်ည..ည..ည
ပြုံးပြနှုတ်ဆက်တယ်
ရောင်စုံသကြားလုံးများ
ရောင်စုံဘောလုံးများနဲ့ကွယ်
ပွဲတော်ည..ည..ည
ကလေးများတပ်မက်ဖွယ်
ရောင်စုံမီးလုံးများ
ကြယ်တွေလိုပဲသိပ်လှတယ်
ပွဲတော်ည..ည..ည
တေးသွားများထဲဝယ်
ရောင်စုံအသဲနှလုံးများ
သံစဉ်တွေကြားလှပတယ်
ပွဲတော်ည..ည..ည
လျှပ်စစ်ညပေ့ါကွယ်
ရောင်စုံဒီဇိုင်းအမျိုးမျိုး
လူတွေဝတ်စားထားကြတယ်
ပွဲတော်ည..ည..ည
ပြုံးပြနှုတ်ဆက်တယ်
ရောင်စုံသကြားလုံးများ
ရောင်စုံဘောလုံးများနဲ့ကွယ်