ချစ်စရာ့ပန်း
အေ၀မ်းဆရာညှာ၊တင်တင်မြ
ကောင်း… ကင်
အာကာယံ….တစ်ခို…
ရွာပြန်မလိုပဲ…
တိမ်မဲ တွေကညို
ငှက်ကယ်လူလို သံချိုနှောကာ
ပြော…..သကို
လယ်ပြင်ပေါ်မှာ ဝဲကာပျံရင်းကြို
ပျော်ရှာပေတယ် ရွှေပိန်ညင်းရယ်
ပျော်ရှာပေတယ် ရွှေပိန်ညင်းရယ်
မိုးခေါ်ဆင်းမလို
ပင်စပါးပျို ဝင်နား မလို
ရွှင်အားတော်ပိုမို
သွန်းဖြိုးပေါ့ ရွှေမိုးညိုညို
ကောက်စိုက်သမလေးတွေ
သံပြိုင်အတူသီဆို
ထဘီတိုတို ရွှဲလို့စို ရွှဲလို့စို
အက်ႌအပို အမို
လဲဖို့ကို ဆွဲဖို့ဆို
နဲနဲလေးမှတောင်
ယောင်ကာမတွေးပါသေးသကို
ကောက်စိုက်သမလေးတွေ
သံပြိုင်အတူသီဆို
ထဘီတိုတို ရွှဲလို့စို ရွှဲလို့စို
အက်ႌအပို အမို
လဲဖို့ကို ဆွဲဖို့ဆို
နဲနဲလေးမှတောင်
ယောင်ကာမတွေးပါသေးသကို
ချမ်းလို့တုန်အောင်
မလုံပေါင် အအေးပို
ညင်းလေးလေးက
ဆင့်သွေးကာကြို
တလက်လက်နေရှာ
ကေသာမည်းညို
ကျဲ ကျဲ ..ပြန့်လာပကို
သဲသဲမဲမဲ မစဲပေါင်ရွှေမိုးညို
ဆံတောက်ဘေး တစောင်းမှာ
ခမောက်ကလေးဆောင်းကာ
ပန်းတာ ကပိုကရို
ဝမ်းစာရှာတဲပျို
လယ်တော..ဓလေ့ကို
ပျော်မွေ့နေသလို
နဖူးကလေးမှာ
ချွေးဖြာဆင်းယို
ဒင်းနဂို အသွေးကစို
အချိန်တန်လာ
အိမ်အပြန်မှာကြို
စောင့်ကာလှမ်း
လမ်းမှာမေးသဂို
ညီမထွေးအမောပြေဆေးကို
ကျွေးမွေးလို့ လွေးရင်းဆို
ဒီကောက်ညှင်းမှာ
ငါးကြင်းကြော်နဲ့မျို
စေတနာတွင် သဒ္ဓါပင် ပိုမို
ချစ်ညီမ ညည်းလုပ်အားကို
တာဝန်များ ထမ်းကာ နှစ်ဆပို
အားကျစရာ အစ်မဘဝင် အလို
ခင်သလို မင်သလို
ချစ်စရာ့ပန်း အသွင်ပျို
လယ်ပြင်ထဲက တဲအဝဆီကို
တစ်ထောက်နားစရာ
သွားကာဝင်ခို
အသားတွင်စိုစို
တင့်တယ်နုထွားထွား
သနားကမားပျိုပျို
တိမ်းနီလျှမ်း.. သမ်းတော့
ပွင့်လန်းလာသလိုလို
ပန်းချယ်ရီ
နှင်းဆီသဏ္ဍာန်လို
ဖြူနီဝါ လျှမ်း
ဆေးဆမ်းဖြန်းပက်သလို
တစ်သက်နဲ့ တစ်ကိုယ်
သဘောကျ
တောအလှ မေပျို
ခဏချင်းကြည်ညို
ဘဝတွင်းမှီခို
သွေးရင်း သားရင်း
ထားချင်ပါဘိသကို
ဆံတောက်ဘေး တစောင်းမှာ
ခမောက်ကလေးဆောင်းကာ
ပန်းတာ ကပိုကရို
ဝမ်းစာရှာတဲပျို
လယ်တောဓလေ့ကို
ပျော်မွေ့နေသလို
နဖူးကလေးမှာ
ချွေးဖြာဆင်းယို
ဒင်းနဂို အသွေးကစို
အချိန်တန်လာ
အိမ်အပြန်မှာကြို
စောင့်ကာလှမ်း
လမ်းမှာမေးလို့
ညီမထွေးအမောပြေဆေးကို
ကျွေးမွေးလို့ လွေးရင်းဆို
ဒီကောက်ညှင်းမှာ
ငါးကြင်းကြော်နဲ့မျို
စေတနာတွင် သဒ္ဓါပင် ပိုမို
ချစ်ညီမ ညည်းလုပ်အားကို
တာဝန်များ ထမ်းကာ နှစ်ဆပို
အားကျစရာ
အစ်မဘဝင် အလို
ခင်သလို မင်သလို
ချစ်စရာ့ပန်း အသွင်ပျိ ။
ပြီးပါပြီ