ပါးကွက်ကြားလေးနဲ့ လှပါတယ်
တေးရေး ပိုင်သူဇော်
တေးဆို ပိုင်သူဇော်
သနပ်ခါးပါးကွက်ကြားလေးနဲ့
ကမ္ဘာကျော်တွေ မမှီတဲ့အလှရယ်
မြင်သူတကာ ငေးရလောက်တယ်
ပြိုင်လာရင် ရှုံးမယ်
ပုံပြင်မဟုတ် တကယ်ရှိခဲ့တယ်
ပကဝတီရယ်
မင်းကလေးများဝင်စားထားသလိုကွယ်
🎼🎼🎼🎼🎼🎼
🎼🎼🎼🎼🎼🎼
သနပ်ခါးပါးကွက်ကြားလေးနဲ့
ကမ္ဘာကျော်တွေ မမှီတဲ့အလှရယ်
မြင်သူတကာ ငေးရလောက်တယ်
ပြိုင်လာရင် ရှုံးမယ်
ပုံပြင်မဟုတ် တကယ်ရှိဖူးတယ်
ပကဝတီရယ်
မင်းကလေးများဝင်စားထားသလိုကွယ်
တခါတခေါက် ကိုယ်ရောက်ခဲ့လို့
ဒီရွာမှာဆုံခွင့်ရတယ်
မပြန်နိုင်အောင်စွဲလန်းမိတယ်
တစ်ရွာသူလေးရယ်
ခေတ်ဆန်တဲ့အပျိုတွေရဲ့အလယ်
ယဉ်ယဉ်ကလေးနဲ့ မြန်မာဆန်လို့
အသည်းကချစ်မိတယ်
တောကချောနှမတွေရဲ့
အားလုံးထဲမှာ အလှဆုံးပဲကွယ်
ညနေချိန်အဖော်တစ်သင်းနဲ့
ရေခပ်ဆင်းတဲ့ ယမင်းလှပျိုအလယ်
သနပ်ခါး ပါးကွက်ကြားလေးနဲ့
ကာလသားတစ်သိုက်
ပိုးလိုက်ကြ အပြိုင်အဆိုင်ကွယ်
ခဏတာလာခဲ့တဲ့
မောင်ကြီးရဲ့ ရင်ထဲမှာကွယ်
မြန်မာဆန်သူလေးရဲ့ အလှကို
တွယ်တာမြတ်နိုးတယ်
ဌာနေသို့ မပြန်တော့ဘူးကွယ်
ဒီရွာကလေးမှာ တသက်လုံးပဲ
မင်းအနားနေချင်တယ်
🎼🎼🎼🎼🎼🎼
🎼🎼🎼🎼🎼🎼
သနပ်ခါးပါးကွက်ကြားလေးနဲ့
ကမ္ဘာကျော်တွေ မမှီတဲ့အလှရယ်
မြင်သူတကာ ငေးရလောက်တယ်
ပြိုင်လာရင် ရှုံးမယ်
ပုံပြင်မဟုတ် တကယ်ရှိဖူးတယ်
ပကဝတီရယ်
မင်းကလေးများဝင်စားထားသလိုကွယ်
တခါတခေါက် ကိုယ်ရောက်ခဲ့လို့
ဒီရွာမှာဆုံခွင့်ရတယ်
မပြန်နိုင်အောင်စွဲလန်းမိတယ်
တစ်ရွာသူလေးရယ်
ခေတ်ဆန်တဲ့အပျိုတွေရဲ့အလယ်
ယဉ်ယဉ်ကလေးနဲ့ မြန်မာဆန်လို့
အသည်းကချစ်မိတယ်
တောကချောနှမတွေရဲ့
အားလုံးထဲမှာ အလှဆုံးပဲကွယ်
ညနေချိန်အဖော်တစ်သင်းနဲ့
ရေခပ်ဆင်းတဲ့ ယမင်းလှပျိုအလယ်
သနပ်ခါး ပါးကွက်ကြားလေးနဲ့
ကာလသားတစ်သိုက်
ပိုးလိုက်ကြ အပြိုင်အဆိုင်ကွယ်
ခဏတာလာခဲ့တဲ့
မောင်ကြီးရဲ့ ရင်ထဲမှာကွယ်
မြန်မာဆန်သူလေးရဲ့ အလှကို
တွယ်တာမြတ်နိုးတယ်
ဌာနေသို့ မပြန်တော့ဘူးကွယ်
ဒီရွာကလေးမှာ တသက်လုံးပဲ
မင်းအနားနေချင်တယ်
🎼🎼🎼🎼🎼🎼
🎼🎼🎼🎼🎼🎼
အဆင်မပြေတာရှိခဲ့ရင်
ဂရုဏာရှေ့ထားလို့ သည်းခံကြပါအမျိုးတွေရေ
🙏🙏🙏
ကြွေးရှင်လေး