မင်းမသိသော
အောင်မြင့်မြတ်
?:ဒီသီချင်းကို မင်းနားဆင်နေရင်းနဲ့
သံသယတွေအများကြီး ဝင်မနေနဲ့
ငါနင့်အနားကပ်ဖို့ မဝံရဲတဲ့လူ
နင့်အဝေးကငါ...
?:စိတ်ရှိတိုင်းဆို
မင်းနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး
စကားတွေပြောလိုက်ချင်တယ်
အချိန်အတိုင်းအတာတွေမရှိ
ဒါကလည်း စိတ်ကူးတစ်ဖတ်သက်သာ
ငါ့ရဲ့ဘက်က...(ရူးလို့)
?:ဘယ်လောက်ထိ နှစ်သက်မိတာ
အများကြီး ငါလေမပြောတော့
ဘယ်လောက်ထိ ရူးသွပ်ပြီးတော့
ချစ်နေတာတွေလည်း ထားတော့
မင်းကြောင့် မင်းလေးကြောင့်ပေါ့ ငါ
စိတ်ကူးတွေယဉ်တက်ခဲ့တာ
?:မင်းရဲ့ရှေ့မှာရပ်ကာ ငါရှိနေတောင်မှ
မင်းလေးငါ့ကိုသိနိုင်မှာမဟုတ်ပါ အချစ်ဆုံး
ဒါပေမယ့်လည်း မင်းမသိသော
မင်းလေးနားက သိပ်ချစ်ရသူတစ်ယောက်ပါ
?:အကယ်၍မင်းအနား ဒီဘဝရောက်ဖို့ခက်ရင်
နင်အနားမဟုတ်တဲ့ ငါအဝေးကနေချစ်မယ်
ငါဆိုတာလည်း အခုမင်းမသိတဲ့အတိုင်း
ဆက်ပြီးတော့နေမယ်...
?:အကယ်၍မင်းအနား ဒီဘဝရောက်ဖို့ခက်ရင်
နင်အနားမဟုတ်တဲ့ ငါအဝေးကနေချစ်မယ်
ငါဆိုတာလည်း အခုမင်းမသိတဲ့ အတိုင်း
ဆက်ထားလိုက်ပါကွယ်...
?:ငါထင်တာတော့မင်းလေးနဲ့နီးဖို့ကမလွယ်
အလှမ်းဝေးလွန်းတယ် မင်းနဲ့ကိုနဲ့
ကိုမမျှော်လင့်ရဲသော ကိုယ့်ရဲ့နတ်သမီး
ကိုချစ်ရ သူရယ်...
?:အကယ်၍ငါ့လုပ်ရပ်များအနှောက်အယှက်ဖြစ်ရင်
ငါနဲ့ပတ်သက်တာ ဘာမှမင်းအနား
မမြင်စေရဘူး ခုမင်းမသိတဲ့အတိုင်း
ဆက်ပြီးတော့ နေလိုက်မယ်
တူးတူးတူး...တူးတူးတူး...တူးတူး.တူတူး
တူးတူး...တူးတူးတူး...တူးတူး.တူတူး
?:ငါဆိုတာလည်း အခုမင်းမသိတဲ့အတိုင်း
ဆက်ထားလိုက်ပါကွယ်...
ကိုမမျှော်လင့်ရဲသော ကိုယ့်ရဲ့နတ်သမီး
ကိုချစ်ရသူရယ်..
ငါဆိုတာလည်း အခုမင်းမသိတဲ့အတိုင်း
ဆက်ပြီးချစ်နေမယ်...
လက်ထဲကိုင်ထားမိတာ
အဆိပ်ပန်းဆိုရင်တောင်
မြတ်မြတ်နိုးနိုးနဲ့ နမ်းဝံ့တဲ့လူသားပါ။
Shile_Lwin