P1: ရွှေလရယ် သာ…
လာချင်ပါရဲ့ လေး……..
ရွှေလမှာ…..ကြယ်တွေဝိုင်းလို့
မောင်ကြံတိုင်း မယ်မပါ….
ဝေး…တဲ့ ဖူး…စာ….
P1: ရွှေလရယ် သာ…
လာချင်ပါရဲ့ လေး……
ရွှေလမှာ…ကြယ်တွေဝိုင်းလို့
မောင်ကြံတိုင်း မယ်မပါ…
ပေး…တဲ့ ဖူးစာ…
P2: အင်းလယ်မှာ ရွှေကြာပန်း
ဆွတ်လှမ်းဖို့ သူဟန်ပြင်
ဝေးတယ်လို့ မြင်
ဝေးတယ် လို့မြင်
မယုံချင် မယုံချင်
ဝေးတယ်လို့မြင်
မယုံချင် မယုံချင်
တို့ကန်မှာ သာစေကြောင်းရယ်
ရိုးရာမှာ မှန်လို့သွားအောင်
မောင်ကြီးရယ်...ပေးတဲ့ မေတ္တာ
P1: ဥဒေါင်းတောင်ဘက်က မိုးတွေညို
ရွာ…တော့မလို
ဥဒေါင်းတောင်ဘက်က မိုးတွေညို
ရွာ…တော့မလို
ရွှေမိုး တွေ ညို
ရွာမလို ရွာမလို
ရွှေ မိုးတွေညို ရွာမလို ရွာမလို
ကိုယ့်ဆီကို ရွာမလိုလိုနဲ့
သူ့ဆီကို ရွာလို့သွားတယ်
မကြီးရယ်…မိုး က ကွက်ကြား
P1: တောင်ဖီလာ တောင်ခမောက်
တောင်အောက်က ရေကန်သာ
ချိုးမယ်လို့လာ
တောင်ဖီလာ တောင်ခမောက်
တောင်အောက်က ရေကန်သာ
ချိုးမယ်လို့လာ
ချိုးမယ် လို့လာ ရေကန်သာ ရေကန်သာ
ချိုးမယ်လို့လာ ရေကန်သာ ရေကန်သာ
နတ်ရေကန် သာတဲ့ အင်းမှာ…
မကြီးရယ်… ငါး နဲ့ မကင်း
P2: သက်ကယ်ကို အရင်မိုး
ရှေ့ရိုးက နောက်မှာစီ…
ထုံးရယ် ပ ညီ…
သက်ကယ်ကို အရင်မိုး
ရှေ့ရိုးက နောက်မှစီ…
ထုံးရယ် ပ ညီ…
ထုံးရယ် ပ ညီ သူပလီ သူပလီ
ထုံးရယ် ပ ညီ သူပလီ သူပလီ
တစ်ယောက်ကို နှစ်ယောက် တွဲတယ်
မောင်ကြီးရယ်…မြဲပါ့မလား
?သီဆိုပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ရှင့်?