menu-iconlogo
huatong
huatong
avatar

ဒီနေ့ - G Fatt

G Fatthuatong
markhitihuatong
歌詞
作品
ဒီနေ့ ငါအလိုလို

ဝမ်းနည်းနေတယ်အချစ်လေး

နေရာတကာ

မင်းမျက်နှာတွေဟာအပြည့်

ငါလွမ်းလို့ပါ

ဘယ်နားမင်းပုန်းရှောင်နေ

ဒီနေ့ အရာရာဘာတစ်ခုမှ

အဆင်ပြေတာမတွေ့

စုံတွဲများ မျက်စိရှေ့

ဖြတ်လျှောက်သွားတိုင်းဟေ့

ငါဝမ်းနည်းစိတ်နဲ့

ကျော်ဖြတ်မဲ့မနက်ဖန်တွေ

ငါလမ်းခွဲ မပေးနိုင်ဘူး

ဒီစကားကို မှတ်ပါနင်နားစိုက်

မုန်းတယ်လို့ ပြောမယ့်အစား

ငါ့ပါးကို အချက်တရာ အရင်ပါးရိုက်

အရမ်းလွမ်းတယ်

အရှေ့ရပ်ကနေမင်း

တဘက်မှာ ၀င်သွားတိုင်း

နောက်တနေ့ အိပ်ရာထတော့

မင်းစိတ်နဲ့ မျက်နှာသစ်သွားတိုက်

အတူတူစားနေကြ ဆိုင်မှာ

မနက်စာထိုင်စားတော့

ဆိုင်ရှင်ကြီးကမေးတယ်

ဟေ့ကောင် မင်းကောင်မလေးရော

ငါဘာပြောရမှန်းကို မသိပါခေါင်းကို

ငုံ့ပြီးတော့ ကျလာတဲ့မျက်ရည်စတွေကို

တစ်ရှုးနဲ့သုတ်ကာ

ဒီလိုနဲ့ လှည့်ပြန်ခဲ့တယ်

လျှောက်နေကျလမ်းပေါ်

ဒီချိန်ဆိုမင်းကအိပ်ရာထနေသေးမှာ

မဟုတ်ဘူးပေါ့

ငါဒီလို စဉ်းစားမိပြန်တော့

ဘယ်သူများ ဖုန်းဆက်နှိုးမလဲ

တွေးပြီး စိတ်ပူရော

ဒီနေ့ ငါအလိုလို

ဝမ်းနည်းနေတယ်အချစ်လေး

နေရာတကာ

မင်းမျက်နှာတွေဟာအပြည့်

ငါလွမ်းလို့ပါ

ဘယ်နားမင်းပုန်းရှောင်နေ

ဒီနေ့ အရာရာဘာတစ်ခုမှ

အဆင်ပြေတာမတွေ့

စုံတွဲများ မျက်စိရှေ့

ဖြတ်လျှောက်သွားတိုင်းဟေ့

ငါဝမ်းနည်းစိတ်နဲ့

ကျော်ဖြတ်မဲ့မနက်ဖန်တွေ

သူမကဒီကောင်းကင်နဲ့ မြေကြီးရဲ့ကြားထဲက

ကျတော်အချစ်ဆုံး သူစိမ်းတစ်ယောက်ပါဗျာ

သူ့အတွက်ဆို သူ့မိဘချမှတ်တဲ့

စည်းကမ်းနဲ့ဥပဒေလဲ သပိတ်မှောက်မှာပါ

ကျတော့ရဲ့ အလွမ်းတွေရဲ့ ဆယ်ပုံပုံတစ်ပုံစာ

တစိတ်လောက် ပမာဏ သူပြန်လွမ်းမယ်ဆို

အခုချိန်အငိုတောင် တိတ်လောက်ပ့ါမလား

တခါတလေ စိတ်ကောက်စရာရှားလို့

ကျတော်ပြောသမျှ စကားအားလုံး

ပုံပြင်တွေကြီးပဲဆိုပြီး နှုတ်ခမ်းလေးဆူ

စိတ်ကောက်နေတတ်တာကိုပဲ ပြန်ခုံမင်နေမိ

ဒါနဲ့စကားမစပ် ရုပ်ရှင် လက်မှတ်

သွားဖြတ်ထားတယ် တုံကင်တွေအမီ

နင်ကြိုက်တဲ့မင်းသားနဲ့ မင်းသမီးရဲ့

ဇာတ်ကားတွေ သမ္မတမှာ ရုံတင်နေပြီ

အိမ်ကခိုးထွက်ခဲ့ နင့်အမေဆူရင်

အရင်လိုပဲ ငါပဲ ခေါင်းခံမှာပေါ့

တချိန်က ငါတို့အတွက်နဲ့ စိတ်ရှုပ်ခဲ့ရတဲ့

လူကြီးတွေလဲတောင်းပန်ကာပြော

မက်ဆေ့တစ်စောင်တော့ အကြောင်းပြန်ပါနော်

နင့်ဖုန်းက အဲဗား ဧရိယာပြင်ပ

ခြင်္သေ့လိုမာနနဲ့ကောင်လဲ နင့်ရှေ့ဆို

ခွေးလို မြေကြီးမှာဝပ်တွား

တနေ့တကယ်ငါတို့

ပေါင်းရမယ်ထင်ပြီး

နင့်ရဲ့အနွေးထည်မှာထိုး

ထားတဲ့ငါတို့နှစ်ယောက်

လက်မှတ်လေးဆေးပြယ်မှာဆိုး

ကုန်ကုန်ပြောရရင်

ထမင်းစားရင်တောင် သူကြိုက်တဲ့ဟင်းတွေပဲ

ရွေးဝယ်တာမျိုး အခုတော့ ငါတစ်ယောက်ထဲ

ဘယ်လိုစားနိုင်မှာလဲ နင်မပါတဲ့

နေ့လည်စာကို နောက်ဆုံးမုန့်ဝယ်စားရင်တောင်

နှစ်ယောက်သား အတူတူလုနေကျပါ

သူငယ်ချင်းတွေပြောကုန်ပြီ

ဒီဘဲအဲလောက်တောင် ရူးနေလားကွာ

ဆူးလေဘုရားနားက သိပ်အလွမ်းထန်တဲ့

ညနေမျိုး နင့်အကြောင်းလှမ်းမေးမိတယ်

အိပ်တန်းပြန်တဲ့ ငှက်တွေကို

ဒီလိုနဲ့ မိုးချုပ်တော့မယ်ကွာ

ငါတကယ်ကို စိုးထိတ်မိတာက

ချည်နှောင်တဲ့ကြိုးတွေ

ငါတို့နှစ်ယောက်ကြားမှာ

ပြတ်တောက်သွားပြီလား

ဒီလိုနဲ့ မိုးချုပ်တော့မယ်ကွာ

နင်မပါလို့ ညှိုးအားကြီးနေတာ

ငိုနေတဲ့ ငါ့မျက်လုံးတွေ အိပ်စက်သွားတောင်

ခြောက်လှန့်ဦးမယ် အိပ်မက်ဆိုးတွေက

ဒီနေ့ ငါအလိုလို

ဝမ်းနည်းနေတယ်အချစ်လေး

နေရာတကာ

မင်းမျက်နှာတွေဟာအပြည့်

ငါလွမ်းလို့ပါ

ဘယ်နားမင်းပုန်းရှောင်နေ

ဒီနေ့ အရာရာဘာတစ်ခုမှ

အဆင်ပြေတာမတွေ့

စုံတွဲများ မျက်စိရှေ့

ဖြတ်လျှောက်သွားတိုင်းဟေ့

ငါဝမ်းနည်းစိတ်နဲ့

ကျော်ဖြတ်မဲ့မနက်ဖန်တွေ

Nu-Nu

更多G Fatt熱歌

查看全部logo