menu-iconlogo
huatong
huatong
avatar

သူတို့လေးတွေသိပါတယ်

ကိုင်ဇာhuatong
লিরিক্স
রেকর্ডিং
သူတို့လေးတွေသိပါတယ်

ဂျပ်ဆင်သာ စကားပြောတက်ခဲ့ရင်

သူလေပြောပြလိမ့်မယ်

ကိုယ်ဘယ်လိုချစ်တာ သူအသိဆုံး

မောင့် အချစ်ဆုံးရေ

လိုင်ဘရီသာ စကားပြောတက်ခဲ့ရင်

သူလေပြောပြလိမ့်မယ်

ကိုယ်ဘယ်လိုစောင့်တာ

သူသိဆုံး မောင့် အချစ်ဆုံးရေ

ကျောင်းဖွင့်ရက်တို့ ပျော်ရွှင်နေ

ကျောင်းပိတ်ရက်တော့ ရင်မှာဆွေး

တနေ့လောက် မတွေ့ရ

ရင်မှာဘ၀င်မကျ ဒုက္ခပဲမေရေ

တချက်လောက်ကြည့်ဖို့ ဒီအခွင့်အရေး

တဘက်သက်အချစ်ရဲ့ ဖီလင်လေး

နေရာတကာမှာ ခြေရာစုံအောင်

ချစ်တဲ့သူရဲ့ အရိပ်ကလေးပဲပေါ့

အာစီသာ စကားပြောတက်ခဲ့ရင်

သူလေ နားချလိမ့်မယ်

ကိုယ်ဘယ်လို လိုက်တာ

သူအသိဆုံး မောင့် အချစ်ဆုံးရေ

ဒိုင်ယာရီသာ စကားပြောတက်ခဲ့ရင်

သူလေသြချလိမ့်မယ်

ကိုယ်ဘယ်လိုရေးတာ သူအသိဆုံး

မောင့် အချစ်ဆုံးရေ

ခုံပြာပြာတွေ အသည်းနှလုံးရှိခဲ့ရင်

သူလေ သနားသွားလိမ့်မယ်

အဖော်မစုံသူ အတွေးကို

သူအသိဆုံး မောင့် အချစ်ဆုံးရေ

ကျောင်းဖွင့်ရက်တို့ ရှည်ပါစေ

ကျောင်းပိတ်ရက်တို့ အကုန်မြန်စေ

အမြဲတမ်းတွေ့မှ ဖြေသာရသော

ကိုယ်ဘ၀ရဲ့ အခြေအနေ

အားနည်းချက်နဲ့ မှိုင်တွေငေး

တဘက်သက်အချစ်ရဲ့ ဖီလင်လေး

မြင်ရုံ ကြင်ရုံ ရင်ခုန်စွာပင် အဝေးကနေပဲ

တိတ်တိတ်ချစ်လို့

ကန်ရေပြင်အင်လျားစကားတက်ရင်

သူလေပြောပြလိမ့်မယ်

ကိုယ်ဘယ်လိုဆွေးတာ သူအသိဆုံး

မောင့် အချစ်ဆုံးရေ

မေးကြည့်ပါ သူတို့လေးတွေ

ပြောပြလိမ့်မယ် သူတို့လေးတွေ

မေးကြည့်ပါ သူတို့လေးတွေ

သိကြလိမ့်မယ် သူတို့လေးတွေ

မေးကြည့်ပါ သူတို့လေးတွေ

ပြောပြလိမ့်မယ် သူတို့လေးတွေ

မေးကြည့်ပါ သူတို့လေးတွေ

သိကြလိမ့်မယ် သူတို့လေးတွေ

Thanks

Moh Moh Tun

ကိုင်ဇာ থেকে আরও

সব দেখুনlogo

আপনার পছন্দ হতে পারে