သီချင်း - မောင်မောင်သတ္တိမရှိဘူး
တေးဆို - မဥ္ဇူသင်း
မောင် မောင့်ကို သိပ်ချစ်တာပဲ
ဘယ်လောက်များချစ်သလဲဆိုရင်
ပြောပြရဦးမယ်မောင်ရယ်
အူထဲကရော အသဲထဲကရော
တုန်နေအောင်ချစ်နေပါသတဲ့
မောင်ကရောချစ်ရဲ့လားလို့
မယုံပါဘူးကွယ်
ခြေလှမ်းက ခပ်များများ
တွေ့ရင်သာချွဲတတ်တယ်
ကွယ်တော့မေ့နေရော မဟုတ်လား
ပြောစမ်းပြောစမ်း
သိပ်ဆိုးတဲ့မောင်ပဲကွယ်
မောင် မောင့်ကို သိပ်ချစ်တာပဲ
ဘယ်လောက်များချစ်သလဲဆိုရင်
ပြောပြရဦးမယ်မောင်ရယ်
အူထဲကရော အသဲထဲကရော
တုန်နေအောင်ချစ်နေပါသတဲ့
မောင်ကရောချစ်ရဲ့လားလို့
မယုံပါဘူးကွယ်
ခြေလှမ်းက ခပ်များများ
တွေ့ရင်သာချွဲတတ်တယ်
ကွယ်တော့မေ့နေရော မဟုတ်လား
ပြောစမ်းပြောစမ်း
သိပ်ဆိုးတဲ့မောင်ပဲကွယ်
မောင်သတ္တိမရှိဘူး
မောင်မောင်သတ္တိမရှိဘူး
ချစ်တာပဲ မောင်သိတယ်
ချစ်နေတာပဲ မောင်မောင်သိတယ်
လောကကို ရင်ဆိုင်ရမယ်ဆိုတော့
လျှာလွှဲတယ် မနက်ဖြန်သဘက်ခါဆွဲ
ယောက်ျားမဟုတ်သလိုပါပဲကွယ်
ကျွန်မမှာ မိန်းမသားပေမဲ့
ချစ်တဲ့မောင်နဲ့ဆိုရင် တကယ်
ဘယ်ကိုသွားမလဲ လိုက်မှာပဲကွယ်
မိဘတွေထက်ပိုချစ်ပါတယ်
အားကိုးပါရစေ
အချစ်ဆုံးမောင်ရယ်
ကျွန်မမှာ မိန်းမသားပေမဲ့
ချစ်တဲ့မောင်နဲ့ဆိုရင် တကယ်
ဘယ်ကိုသွားမလဲ လိုက်မှာပဲကွယ်
မိဘတွေထက်ပိုချစ်ပါတယ်
အားကိုးပါရစေ
အချစ်ဆုံးမောင်ရယ်
အကြင်နာစကားလေးတွေ
ပြောတတ်သားနဲ့ အသည်းထဲမှာစိမ့်လို့
ကျွန်မအသည်းထဲမှာအေးလို့
အချစ်ရဲ့အရသာ
အချစ်ရဲ့သာယာမှုကလေးတွေ
မသိခဲ့ရသေးပါဘူး
ကျွန်မမရခဲ့သေးပါဘူး
ရင်ထဲမှာတော့ မကျေနပ်တာတွေ
အများကြီးပေါ့မောင်ရယ်
သနားတယ်ဆိုပြီးတော့
နီးဖို့မကြံရွယ်
မျက်စိလည်အောင် မောင် ကျွန်မကို
လှည့်စားနေသလားကွယ်
အကြင်နာစကားလေးတွေ
ပြောတတ်သားနဲ့ အသည်းထဲမှာစိမ့်လို့
ကျွန်မအသည်းထဲမှာအေးလို့
အချစ်ရဲ့အရသာ
အချစ်ရဲ့သာယာမှုကလေးတွေ
မသိခဲ့ရသေးပါဘူး
ကျွန်မမရခဲ့သေးပါဘူး
ရင်ထဲမှာတော့ မကျေနပ်တာတွေ
အများကြီးပေါ့မောင်ရယ်
သနားတယ်ဆိုပြီးတော့
နီးဖို့မကြံရွယ်
မျက်စိလည်အောင် မောင် ကျွန်မကို
လှည့်စားနေသလားကွယ်
မောင်သတ္တိမရှိဘူး
မောင်မောင်သတ္တိမရှိဘူး
ချစ်တာပဲ မောင်သိတယ်
ချစ်နေတာပဲ မောင်မောင်သိတယ်
လောကကို ရင်ဆိုင်ရမယ်ဆိုတော့
လျှာလွှဲတယ် မနက်ဖြန်သဘက်ခါဆွဲ
ယောက်ျားမဟုတ်သလိုပါပဲကွယ်
စောင့်ရသူမှာနွဲ့အားကငယ်
သံသယလေးတွေမဖြစ်ပါရစေနဲ့
နှစ်သက်ကျင်လည်
မိဘတွေထက်ပိုချစ်ပါတယ်
အားကိုးပါရစေ
အချစ်ဆုံးမောင်ရယ်