သီချင်း : ရက်စက်မှကြေကွဲ
တေးဆို : စိုင်းစိုင်းခမ်းလှိုင်
ရက်စက်တယ်...ရက်စက်မှ ကြေကွဲ...
ရက်စက်တယ်...ရက်စက်မှ ဝမ်းနည်း...
ငါ့ရဲ့နံရိုးတစ်ချောင်းလို
ငါရဲ့နောက်ကိုယ်တစ်ခြမ်းလို
ငါ့ရဲ့ပါရမီဖက်လို ရင်ခွင်မှာ
တံဆိပ်ခပ်နှိပ် ထားဖူးတယ်...
ငါ့ဘဝကိုမင်းအတွက်ပုံအောခဲ့
မင်းကငါ့ကိုပုံပြောတယ်
ပေးခဲ့တဲ့ကတိတွေနဲ့ သစ္စာစကားတွေ
ရေစုန်မှာမျောတယ်...မင်းမရှိလို့မဖြစ်တဲ့သူ..
စုံလုံးကန်းအောင်ချစ်မယ့်သူ...
ညှိမရတဲ့အဖြစ်အပျက်တစ်ခုတိုင်း
မင်းကငါ့ကိုအပြစ်ဖွဲ့သူ..
ငါ့အတွက်တော့ မင်းကကဗျာတစ်ပုဒ်ပဲ..
ဖျက်မရတဲ့ ပဋိန်ညဉ်စာချုပ်ပဲ..
မင်းအတွက်တော့ ငါကဘာမဟုတ်ညာမဟုတ်
ကောင်လို့ပြောပြီးခါထုတ်ခဲ့...
သက်သေမဲ့စွပ်စွဲချက်နဲ့မိန်းမတွေနဲ့သမုတ်တယ်
စိုင်းစိုင်းဆိုတဲ့ဘဲကြီးကမင်းဘဝအတွက်စူးခလုတ်တဲ့
ငါဘာပြောပြောအရေးမလုပ်ပဲ
Vampire လိုဂုပ်သွေးစုပ်တယ်ပီကေ လိုညက်အောင်ဝါး
အချိုရည်ကုန်မှ ထွေးထုတ်တယ်...
အနာတွေအကုန်ကျက်သွားလည်း
အမှတ်တရအလွမ်းတွေ ချန်ရစ်တယ်
ဒဏ်ရာအမာရွတ်အဟောင်းတစ်ခုလို့အသည်းမှာ
ထင်ကျန်နေဆဲပဲ..
အပျော်တမ်းချစ်တဲ့ အချစ်မှ မဟုတ်တာ
ငါဘယ်လို မေ့ပစ်လို့ ရမလဲ...
ရင်မှာဖျောက်ဖျက်မရနိုင်တယ်
မှင် တက်တူး တစ်ခုလိုပဲ..
ချာချာလည်အောင်ငါရူးတော့မယ်..
ရက်စက်တယ်...ရက်စက်မှ ကြေကွဲ...
ရက်စက်တယ်...ရက်စက်မှ ဝမ်းနည်း...
မင်းရဲ့ဆာမူရိုင်းလို
မင်းရဲ့မဟာတံတိုင်းလို
မင်းအတွက် အရာရာတိုင်းလို့
ငါ့ကိုယ်ငါ အသင့်ပြင်ဆင်ထားဖူးတယ်
မင်းကငါ့ဘဝကို အုပ်ချုပ်တယ်
မင်းကပဲ ငါ့ကိုအမိန့်ထုတ်တယ်...
မင်းရဲ့စက်ရုပ်ကြီးလို အဝေးထိန်းခလုတ်နဲ့
ငါ့ကိုထိန်းချုပ်တယ်..
မင်းဘဝရဲ့အတက်လှေခါးလို
ငါ့ရဲ့ဘဝကိုယုံကြည်ထင်မှတ်တယ်
မင်းကတော့အဆင်းလှေကားလိုသတ်မှတ်
ငါ့ကိုအမြင်ကတ်ခဲ့
လူတွေကိုခင်တတ်မင်တတ်တဲ့
ငါ့ိကိုမင်း အပြစ်အမြဲမြင်တတ်တယ်
မင်းတို့အတွက်ငါကချဉ်ဖတ်တဲ့
တွေ့လိုက်တိုင်းချောင်းဆိုးရင်ကြပ်တယ်
အိုးးငါကနင့်ရဲ့အပါးတော်အမြဲ
မင်းရဲ့အပျင်းပြေကစားဖော်ပဲ
ငြီးငွေ့မှမင်းကပစ်ချနင်းခြေပစ်တယ်
ဖဝါးတော်နဲ့..ငါဘဝပျက်မှာ မကြောက်ပါဘူးး
ငါစိုးရိမ်တာ မင်းအကြောင်းအရာတွေ
ဘုရားပေါ်တက်တိုင်းတောင်းတဲ့ဆုက
မင်းရဲ့ နောက်လူကောင်းပါစေ..
မင်းရဲ့ နောက်လူကောင်းပါစေ..
အနာတွေအကုန်ကျက်သွားလည်း
အမှတ်တရအလွမ်းတွေ ချန်ရစ်တယ်
ဒဏ်ရာအမာရွတ်အဟောင်းတစ်ခုလို့အသည်းမှာ
ထင်ကျန်နေဆဲပဲ..
အပျော်တမ်းချစ်တဲ့ အချစ်မှ မဟုတ်တာ
ငါဘယ်လို မေ့ပစ်လို့ ရမလဲ...
ရင်မှာဖျောက်ဖျက်မရနိုင်တယ်
မှင် တက်တူး တစ်ခုလိုပဲ..
ချာချာလည်အောင်ငါရူးတော့မယ်..
ရက်စက်တယ်...ရက်စက်မှ ကြေကွဲ...
ရက်စက်တယ်… ရက်စက်မှ ဝမ်းနည်း...
တိုက်ဆိုင်မှုရှိသွားခဲ့ရင်ခွင့်လွှတ်ပါ..
ဒါတကယ် ရည်ရွယ်တာ..
ရက်စက်လွန်းပါတယ်..
ရက်စက်မှ ဝမ်းနည်းးးးးး
အနာတွေအကုန်ကျက် သွားလည်း
အမှတ်တရအလွမ်းတွေ ချန်ရစ်တယ်
ဒဏ်ရာအမာရွတ်အဟောင်းတစ်ခုလို့အသည်းမှာ
ထင်ကျန်နေဆဲပဲ..
အပျော်တမ်းချစ်တဲ့ အချစ်မှ မဟုတ်တာ
ငါဘယ်လို မေ့လို့ ရမလဲ.....
ရင်မှာဖျောက်ဖျက်မရနိုင်တယ်
မှင် တက်တူး တစ်ခုလိုပဲ..
ချာချာလည်အောင်ငါရူးတော့မယ်..
ရက်စက်တယ်...ရက်စက်မှ ကြေကွဲ...
ရက်စက်တယ်..ရက်စက်မှ ဝမ်းနည်း…