မူးရူး - Muu Yuu
ရေး ရကောက်
ဆို ယွန်းမြတ်သူ
ဟူ အို ရေး ရေ
သူပြောတဲ့ အသံလေးရယ် သူကြည့်တဲ့ မျက်ဝန်းရယ်
ကိုယ့်ရင်ထဲမှာ ငြိတွယ် သာယာနေပါတယ်
ရင်ခုန်သံတွေ ထိန်းချုပ်မရခဲ့
မျှော်နေသူသာ အရူးကြီးရူးမယ် ဟုတ်တယ် မိန်းကလေးအချစ်မို့ အားငယ် မြိုသိမ့်လိုက်မယ်
အပေါ်လမ်းတွေ အလယ်လမ်းတွေ အောက်လမ်းတွေ သုံးပစ်မှာ မဖြစ်ချင်ဘူးလေကွာ အချစ်ရှုံးသမား
မျက်ကန်း တစ္ဆေမလေး ဘာမှကို မကြောက်ပါပဲနဲ့
စိတ်ကူးယဥ်ဆန်လွန်းတဲ့ မြန်မာကားတွေထဲကလို ချစ်ချင်ပါတယ်လေ ဒီနှလုံးသား
ဒီတစ်ယောက်ကလဲ အခုထိ တုတ်တုတ်မလှုပ်တော့
တစ်နေကုန်မူး မူးလေရူးလေမို့ မင်းကိုသတိရလို့
ကိုယ့်ရဲ့အကြည့်တွေ မင်းသိသားနဲ့ ဟန်ဆောင် အမူအရာပို
သူဆိုးလေချစ်လေမို့ အပြစ်မမြင်တတ်ခဲ့လို့
လမ်းမှာတွေ့ရင် နှလုံးသားလေးဟာ တလှပ်လှပ်လှိုက်ကာဖို
ကြေကွဲရတာလည်း မလွယ် ခံစားရတာ ခက်တယ်
အချစ်နဲ့ မေတ္တာတရားရယ် ဘယ်လိုတန်ပြန်မလဲ
ဒဏ်ရာတွေကို ဆေးကုမရခဲ့ မနေနိုင်သူသာ အရှုံးကြီးရှုံးမယ် ဟုတ်တယ် မိန်းကလေးအချစ်မို့ အားငယ် မြိုသိမ့်လိုက်မယ်
အပေါ်လမ်းတွေ အလယ်လမ်းတွေ အောက်လမ်းတွေ သုံးပစ်မှာ မဖြစ်ချင်ဘူးလေကွာ အချစ်ရှုံးသမား
မျက်ကန်း တစ္ဆေမလေး ဘာမှကို မကြောက်ပါပဲနဲ့
စိတ်ကူးယဥ် ဆန်လွန်းတဲ့ မြန်မာကားတွေထဲကလို ချစ်ချင်ပါတယ်လေ ဒီနှလုံးသား
ဒီတစ်ယောက်ကလဲ အခုထိ တုတ်တုတ်မလှုပ်တော့
တစ်နေကုန်မူး မူးလေရူးလေမို့ မင်းကိုသတိရလို့
ကိုယ့်ရဲ့အကြည့်တွေ မင်းသိသားနဲ့ ဟန်ဆောင်အမူအရာပို

Thanks KK