menu-iconlogo
logo

ကမ္ဘာခြားခဲ့တာမင်းနဲ့ငါ

logo
Letras
ကမ္ဘာခြားခဲ့တာမင်းနဲ့ငါ

စိုင်းစိုင်း

မိုးးးလင်းတိုင်း

ချစ်ခဲ့ ခြင်းကို ခံစား

ကမ္ဘာခြားခဲ့တာ မင်းနဲ့ငါ

မိုးချုပ် သွား တော့

မင်းမရှိတဲ့ နေရာလေး

ငါ ပြန်တမ်းတယ် လွမ်း လိုက် တာ...

ညတုန်းက မက်တဲ့ အိမ့်မက်လေး ထဲမှာပေါ့

Romeoက ကျွန်တော့ကို စကားတွေ လာပြောနေတော့

သူ့ရဲ့အကြောင်းကို ကျွန်တော်

ဘယ်လောက်များ သိသလဲတဲ့

သူ့အသဲတွေ ဘယ်လောက်ကွဲကွဲ

သူက အချစ်သူရဲကောင်းတဲ့

အိမ့်မက်က လန့်နိုးတော့

ကျွန်တော်ပြန်စဥ်းစားမိတယ်

Romeo. Juliet ဒဏ္ဏာရီ ပြဇာတ်လေးပဲ

တကယ်တော့

အချစ်ဆိုတာ

ဘာလဲ...

ကျွန်တော်နဲ့ ကောင်မလေး

ရိုးရိုးလေးပဲချစ်ခဲ့တာ

ရယူခြင်း ပေးဆပ်ခြင်း

အချစ်ရဲ့ အဓိပ္ပါယ် ဘာမှန်းမသိ

မြတ်နိုးမှု တစ်ခုတည်းနဲ့

ချစ်ခဲ့ကြတာပဲ

Juliet ကျွန်တော့် ဘ၀ရဲ့ နတ်သမီးလေး

သူလှတာ မလှတာလည်း

ကျွန်တော်နဲ့ မဆိုင်ဘူးလေ

ကျွန်တော့် ချို့တဲ့ မှုလည်း

သူ ဂရုမစိုက်ခဲ့ဘူး

အချစ်၂ခုပေါင်းစပ်တဲ့အခါ

မိဘအသိုင်းအ၀ိုင်းရဲ့ စွက်ဖက်မှုတွေမပါရင်

သိတ် ကောင်း မှာ နော်

... ... ...

ဒီလိုနဲ့ပဲ

ကျွန်တော်တို့

ဝေး ဝေးး ဝေးး သွားတာ

... .... ...

အချစ်သက်သက်နဲ့ တည်ဆောက်ထားတဲ့

ကျွန်တော့် ရင်ခွင်

အမှတ် တမဲ့နဲ့ ခံလိုက်ရတာ နားမလည်ခဲ့

ရုတ် တရက် ချက်ချင်း

ဘယ်လိုပြန်ပြီး ဆောက်တည်မလဲ

ငွေကြောင့်လား လူကြောင့်လား

မသိနိုင်တော့ဘူး ချစ်သူရာ

မှုန်ရီဝေတဲ့ ဆောင်းတွင်းညမှာ လမ်း ခွဲ ရတာ

မော်ဒန်အချစ် ဇာတ်လမ်းတွေထဲ

ပိုက်ဆံဆိုတာ အသဲခွဲတဲ့ လူကြမ်းကြီးပါပဲ

ရှေးရှေးတုန်းက ပြဇာတ်တွေလည်း

မချိုမြိန်တော့ဘူး မေမေ..

မိုးလင်းတိုင်း

ချစ်ခဲ့ ခြင်းကို ခံစား

ကမ္ဘာခြားခဲ့တာ မင်းနဲ့ငါ

မိုးချုပ် သွား တော့

မင်းမရှိတဲ့ နေရာလေး

ငါ ပြန်တမ်းတယ် လွမ်း လိုက် တာ...

.... ... ....

ရိုမီယို ဆိုတာ ဘယ်သူလဲ

ဂျူးလိယက်ကရော ဘယ်မှာလဲ

ကောင်မလေးရော ဘယ်ရောက်သွားလဲ

သူတို့ ပြောကြတယ် ကမ္ဘာတစ်ဖက်မှာတဲ့

ဒီပုံပြင်မှာ ဘယ်သူက မတရားတာလဲ

အဆိပ် သောက်ပြီး သတ်သေဖို့လည်း

ကျွန်တော့်မှာ သတ္တိမရှိခဲ့

အခုတော့

တစ်ယောက်တည်း

ကျန်ခဲ့

ကျန်ခဲ့..

မိုးလင်းတိုင်း

ချစ်ခဲ့ ခြင်းကို ခံစား

ကမ္ဘာခြားခဲ့တာ မင်းနဲ့ငါ

မိုးချုပ် သွား တော့

မင်းမရှိတဲ့ နေရာလေး

ပြန်တမ်းတယ် လွမ်း လိုက် တာ...

မိုးလင်းတိုင်း

ချစ်ခဲ့ ခြင်းကို ခံစား

ကမ္ဘာခြားခဲ့တာ မင်းနဲ့ငါ

မိုးချုပ် သွား တော့

မင်းမရှိတဲ့ နေရာလေး

ငါ ပြန်တမ်းတယ် လွမ်း လိုက် တာ...

အဝေး ကြီး ပဲ မင်းနဲ့ငါ ဝေး နေ တာ

ပြန်ဆုံနိုင်ဖို့ လမ်းလည်း မရှိတော့...

Thanks

PoeHakPhyu

ကမ္ဘာခြားခဲ့တာမင်းနဲ့ငါ de စိုင်းစိုင်း - Letras y Covers