နွေရာသီလမ်းခွဲ
စိုင်းစိုင်း & ငယ်ငယ်
ဝေးဝေးပြေးတဲ့အချစ်ကို စွဲလမ်းလွန်းလို့
ရင်မှာနှလုံးသားလေးကွဲအက်
အို ရူးတော့မှာပဲ
ဝေးဝေးပြေးတဲ့အချစ်ကို စွဲလမ်းလွန်းလို့
ရင်မှာနှလုံးသားလေးကွဲအက်
အို ရူးတော့မှာပဲ
Hip Hop သီချင်းများကို စိတ်မဝင်စားတဲ့
ကတ္တီပါဖိနပ်စီးပြီး လမ်းလျှောက်သွားတဲ့
ကက်ဆက်မကြိုက်တဲ့ကိုယ့်ရဲ့ကောင်မလေး
စကားတွေပြောနေရင်းနဲ့လည်း အဝေးကိုငေး
ကျစ်ဆံမြီးလေးကျစ်ပြီးတော့ ကျောမှာချထား
နှုတ်ခမ်းကိုဘာမှမဆိုးပဲနဲ့
ပြုံးရယ်ပြသလား
ရှိတ်စပီးယားပြဇာတ်ထဲက နတ်သမီးလား
ခြေအစုံကိုရပ်ပြီးတော့ စောင့်နေမိတာ
Taxi ကိုတားပြီးတော့ မင်းထွက်ပြေးသွား
အချစ်ကိုစားသောကိန်းဂဏန်းများ
ရုပ်ရှင်ရုံထဲက
နွေနေပူမှာရပ်စောင့်ရင်း တွေဝေတုန်း
အပြင်မှာကျွမ်းလောင်ဆဲ
ရင်မှာလွမ်းလို့မဆုံး
အနက်ရှိုင်းဆုံးချစ်တဲ့အကြောင်းတွေ
ပြောမထွက်ခဲ့ဘူး
ငါကြွေတာပေါ့ I Love You
လိမ်ညာနေမိခဲ့တာ ငါ့ရဲ့အပြစ်
ဘယ်လိုရှေ့ဆက်ရမယ်ငါ့မှာ သိပ်စိတ်ညစ်
ဝေးဝေးပြေးတဲ့အချစ်ကို စွဲလမ်းလွန်းလို့
ရင်မှာနှလုံးသားလေးကွဲအက်
အို ရူးတော့မှာပဲ
ဝေးဝေးပြေးတဲ့အချစ်ကို စွဲလမ်းလွန်းလို့
ရင်မှာနှလုံးသားလေးကွဲအက်
အို ရူးတော့မှာပဲ
သစ်ရွက်ခြောက်တွေကြားထဲမှာ
လမ်းလျှောက်ဖူးပြီ
နှင်းဆီဖူးတွေခူးပြီးတော့ ပေးခဲ့ဖူးပြီ
တယ်လီဖုန်းတောင်မကိုင်တော့ ငါ့မှာရူးပြီ
တစ်ရက်ပြီးတော့နောက်တစ်ရက်နဲ့
ခေါင်းတွေမူးပြီ
အချစ်ဝတ္ထုဖတ်ပြီးတော့ စိတ်ကူးယဉ်
အိပ်ရာပေါ်မှာငုတ်တုတ် ငါမင်းကိုတွေ့ချင်
TV ကိုဖွင့်ကြည့်တော့ Rock in Roll
မနက်ရှစ်နာရီအတိမှာ ငါ့ကိုနှိုး
ကတ္တီပါဖိနပ်ကိုတွေ့တော့ ဝမ်းသာလုံးဆို့
သိပ်စိတ်ပျက်ခဲ့အဲဒါ မင်းမဟုတ်လို့
ချစ်ခဲ့တဲ့အကြောင်းများကို အသေအချာစဉ်းစား
ဘာတွေဘယ်လိုမှားလဲ ငါ့ကိုရှင်းပြ
ငါထိုင်နေမိတယ် ကျောင်းကအုတ်ခုံလေး
ငါ့အချစ်လေးမင်း ဝေးဝေးပြေး
လိမ်ညာနေမိခဲ့တာ ငါ့ရဲ့အပြစ်
ဘယ်လိုရှေ့ဆက်ရမယ် ငါ့မှာသိပ်စိတ်ညစ်
ဝေးဝေးပြေးတဲ့အချစ်ကို စွဲလမ်းလွန်းလို့
ရင်မှာနှလုံးသားလေးကွဲအက်
အို ရူးတော့မှာပဲ
ဝေးဝေးပြေးတဲ့အချစ်ကို စွဲလမ်းလွန်းလို့
ရင်မှာနှလုံးသားလေးကွဲအက်
အို ရူးတော့မှာပဲ
နွေရာသီမှာချစ်ခဲ့လို့ နွေရာသီမှာကွဲ
နွေရာသီကိုမုန်းလို့ ဒီမှာအသည်းကွဲ
နွေရာသီမှာချစ်ခဲ့လို့ နွေရာသီမှာကွဲ
နွေရာသီကိုမုန်းလို့ ဒီမှာအသည်းကွဲ
နွေရာသီဟာပူလောင်လွန်းလို့ ရေလိုနေပါတယ်
ဒီရင်မှာပူလောင်လွန်းလို့ ရေလိုနေတယ်
Library မှာလိုက်ရှာ လမ်းတွေမှာလိုက်ရှာ
လူတွေကြားမှာလိုက်ရှာ ငါတော့ရူးတော့မှာပဲ
ဝေးဝေးပြေးတဲ့အချစ်ကို စွဲလမ်းလွန်းလို့
ရင်မှာနှလုံးသားလေးကွဲအက်
အို ရူးတော့မှာပဲ
ဝေးဝေးပြေးတဲ့အချစ်ကို စွဲလမ်းလွန်းလို့
ရင်မှာနှလုံးသားလေးကွဲအက်
အို ရူးတော့မှာပဲ
ရူးတော့မှာပဲ
ရူးတော့မှာပဲ
ရူးတော့မှာပဲ
ဝေးဝေးပြေး
Thanks