ငါနင့်ကိုမုန်းတယ်
A:
ဆုံမှတ်တို့လွဲချော်ကာ
လေထဲလွင့်ပျောက်ကွယ်သွား
ရင်ထဲသိမ်းထားတဲ့
အမှတ်တရအနမ်းတွေ
အကုန်ပြန့်ကျဲသွား
ငါချစ်ခဲ့ဖူးသူပါ
ငါနင့်အတွက်အသက်ရှင်ခဲ့လည်း
နာကျည်းတဲ့မျက်ရည်စက်တွေနဲ့လေ
အကုန်ပြိုလဲပြီး..
ငါနင့်ကိုမုန်းတယ်..
S:
မျက်ကန်းတစ်ယောက်လိုပေါ့
ငါဒီမှာ
လမ်းပျောက်နေပြီ
အကြိမ်ကြိမ်မက်ခဲ့တဲ့
အိပ်မက်မြစ်တွေ
ခန်းခြောက်နေပြီ
ဘယ်လိုမှ
လွမ်းလောက်စရာမရှိတော့ပါ
နေ့ရက်တွေက
တကယ်နာကျည်းချက်တွေ
များခဲ့ပြီ
ပင့်သက်တွေချ
မနေ့တနေ့ကလိုပဲ
အဖြစ်အပျက်တွေက
အရာရာပြောင်းလဲလို့
သွားခဲ့
မျှော်လ့င်ချက်တွေများ
ဒါဟာဖြေရှင်းချက်တွေလားလို့မေးတော့
မင်းမျက်ရည်ကျ
အချိန်တွေ
ကြာလာတော့လည်းသိပြီ
ဂျင်းထည့်နေတာ
မင်းကအလုပ်သိပ်များတယ်ပြောပြီး
ဖုန်းပိတ်ထားတယ်
ငါတန်ဖိုးထားပြီးပေးဆပ်ခဲ့သမျှ
ရူံးနိမ့်သွားတယ်
တစ်နေ့မတွေ့ရင်
ကိန္ဒရီတွေလို
ချောင်းခြားပါသတဲ့
မင်းဓာတ်ပုံထဲကကောင်က
ဘယ်ကသူတောင်းစားပါလဲ
ငါစိတ်ကုန်ပါပြီ
မျက်စိစုံ
မှိတ်ယုံစရာမရှိ
အရာရာမင်းရဲ့
ပတ်သက်ခဲ့သမျှ
ဆိတ်သုန်းပါပြီ
ဇရှိတဲ့
မင်းရဲ့
နှလုံးသား
စရိုက်ဆန်သောအခါ
ငါ့အချစ်နဲ့မင်းနဲ့လုံးဝ
မထိုက်တန်တော့ပါ
A:
ငါနင့်ကိုမုန်းတယ်
ငါနင့်ကိုမုန်းတယ်
ဖြေရှင်းစရာဘာမှ
မရှိတော့ဘူး
တခါက
ပေးဆပ်ဖူးတဲ့
အချစ်များစွာ
ရုပ်သိမ်းပြီ
ရုပ်သိမ်းပြီ
ရုပ်သိမ်းပြီ
ငါနင့်ကိုမုန်းတယ်
S:
ငါနင့်ကိုမုန်းတယ်
ဒီနေ့နောက်ဆုံးပဲ
နင်ငါ့ကိုဖုံးကွယ်ထားတယ်
မျက်နှာကမဲ့ပြုံးနဲ့
နင်ပြောတဲ့စကားလုံးတွေ
ငါ့အတွက်
လက်ပစ်ဗုံးပဲ
သုံးနှစ်စာပတ်သက်ခဲ့သမျှ
အခုကျတော့
နိဂုံးပဲ
ပြောပါဦး
ငါတစ်ယောက်တည်းမှားတာလား
အရွဲ့တိုက်တယ်
တိုက်တယ်ပြောပြီး
နောက်တစ်ယောက်နဲ့သွားတာက
မင်းဖုန်းကိုလု
Massage
တွေပြစမ်း
ဘာသဘောလဲဒါ
အချိန်းအချက်တွေလုပ်ထားတာ
သူငယ်ချင်းလို့ပြောမှာလား
လက်ညှိုးနဲ့ထိုး
ငေါက်ငေါက်ထိုးပြီး
စွပ်စွဲလိုက်တယ်
နံရံပေါ်က
ပန်းချီကားတွေ
ဓါတ်ပုံတွေ
ဆုတ်ဖြဲလိုက်တယ်
လက်သည်းနဲ့ကုတ်
ပါးတွေရိုက်တော့
အော်ဆဲလိုက်တယ်
TV
တွေ
မှန်တင်ခုံတွေ
ငါမြင်မြင်ရာ
ငါရိုက်ခွဲလိုက်တယ်
သွားထွက်သွား
ထွက်သွား
နင်ကငါ့အတွက်
ဒဏ်ရာပဲ
ငါ့ဘ၀ကိုက
ကံတွေဆိုးတဲ့
ကြမ္မာဘဲ
နင့်မျက်နှာ
နောက်တစ်ခါတွေ့ရင်
ရန်ရှာမယ်
နောက်ဘဝ
သံသရာအဆက်ဆက်နင်
ဘယ်တော့မှ
ပြန်မလာနဲ့
A:
ငါနင့်ကိုမုန်းတယ်
ငါနင့်ကိုမုန်းတယ်
ဖြေရှင်းစရာဘာမှ
မရှိတော့ဘူး
တခါက
ပေးဆပ်ဖူးတဲ့
အချစ်များစွာ
ရုပ်သိမ်းပြီ
ရုပ်သိမ်းပြီ
ရုပ်သိမ်းပြီ
ငါနင့်ကိုမုန်းတယ်
S:
ငါအခုတော့သိပြီ
ရင်ကိုတည့်တည့်ထိပြီ
နင်လေလုံးဝမငဲ့ညှာ
ခံနိုင်စွမ်းလည်း
မရှိပြီ
ရှေ့ဆက်ပြီးဘယ်လိုနေရမလဲ
မတွေးတတ်တဲ့အစွန်း
ငါ့လက်ငါ
ဘလိတ်ဓားနဲ့သွေးထွက်အောင်မွှန်း
အချစ်ဆိုတာ
အရင်ကတော့
အဖျားငွေ့ငွေ့ပဲ
ဒါပေမယ့်
တဖြည်းဖြည်းနဲ့
ကြာလာတော့လည်းအပူကြီးလာတယ်
ငါဒီမှာ
နင်နဲ့ပက်သက်သမျှ
ဘာမဆို
အယူသီးပါတယ်
တကယ်ဆိုရင်
သံယောဇဉ်ကအပူမီးပါပဲ
နင်က
မေတ္တာတွေစူးမှာ
နင်က
သစ္စာမဲ့
ဘီလူးမ
ဝဋ္ဋ်ကြွေးကြောင့်ဆုံလာရတာ
အချစ်မပါတဲ့ဖူးစာ
ငါရူးခါအောင်
မင်းကိုတောင့်တ
ငတ်မွတ်နေလည်း
ရည်စားအဖြစ်က
စွန့်လွှတ်လိုက်ပြီ
လွမ်းဆွတ်မနေနဲ့
A:
ငါနင့်ကိုမုန်းတယ်
ငါနင့်ကိုမုန်းတယ်
ဖြေရှင်းစရာဘာမှ
မရှိတော့ဘူး
တခါက
ပေးဆပ်ဖူးတဲ့
အချစ်များစွာ
ရုပ်သိမ်းပြီ
ရုပ်သိမ်းပြီ
ရုပ်သိမ်းပြီ
ငါနင့်ကိုမုန်းတယ်
ငါနင့်ကို
မုန်းပါတယ်
ဖြေရှင်းစရာဘာမှမရှိတော့ဘူး
တခါက
ပေးဆပ်ဖူးတဲ့
အချစ်များစွာ
ရုပ်သိမ်းပြီး
ရုပ်သိမ်းပြီး
ရုပ်သိမ်းပြီ
ငါနင့်ကိုမုန်းတယ်
ငါနင့်ကိုမုန်းတယ်