သီချင်းတစ်ပုဒ်ကို ဆက်ကာဆို
တချို့ပုဂ္ဂိုလ် မျက်နှာညို
Hip Hop ကို ရှက်စရာလို့ 
အတွေမှားရင် ပြဿနာဗျို့ 
မနက်ခင်းစောစောစီးစီး အိပ်ရာကထ
စိတ်မှာထကြွှတော့ သိက္ခာကကျ
လူပျင်းကြီးတစ်ယောက်လို
လူဖျင်းကြီးတစ်ယောက်လို
အခုအတင်းအဖျင်းချတော့ စိတ်နာရမလား
သနပ်ခါးဘဲကြားနဲ့  အပြတ်စား ပဲများတယ်
အမှတ်အသားတစ်ခုကရွှေ တစ်ကျပ်သားဆွဲထားတယ်
လျှောက်လည်ရင်တော့ ချက်ပြုတ်ပုဆိုးနဲ့
ကြွက်စုတ်ကြမ်းပိုးနဲ့ ခွက်ပုန်းခုတ်ခဲ့
အကျင့်ကတော့ လိပ်လိုမျိုး
ငါ့ကိုလူကြီးမိဘတွေ စိတ်တွေဆိုး
အလုပ်အကိုင်ရာထူးက ၁၀၉ ၁၁၀
ဘဝဆိုးလှတယ် ငါ့ကိုဆွေမျိုးပြတ်တဲ့
ဂိုက်ပေးကြမ်းတယ်နော် ဗိုက်ကလေးကပူ
Mic ကလေးများရှိရင် တစ်ရွာလုံး နားအူ
သီချင်းကိုအတင်းဆို လွမ်းမောဆဲ
ကိုသာဗျောရဲ့ ထန်းတောထဲ
အားလုံးတက်ကြ ငါ့ထော်လာဂျီ
ငါ့ကိုမိန်းကလေးများ အော့ကြောလန်သည်
ရွာမြောက်ဘက်ပိုင်းကတော့ သိပ်မကြည်
ငါ့နာမည်က တောဂေါ်လီ
အားလုံးတက်ကြ ငါ့ထော်လာဂျီ
ငါ့ကိုမိန်းကလေးများ အော့ကြောလန်သည်
ရွာမြောက်ဘက်ပိုင်းကတော့ သိပ်မကြည်
ငါ့နာမည်က တောဂေါ်လီ
ဝမ်းတီးတူးတီး တနေကုန်ထိုင်ပြီး
နေရာတကာဆရာကြီး
ဒုန်းဒုန်းဒိုင်းဒိုင်း အာ အကျယ်ကြီး
လော်စပီကာ နှစ်ခြိုက်သည်
ညဘက်နိုပ်စက် အသံကုန်ဟစ်ပြီး
မယ်ဒလင်မှာ ဆရာကြီး
မိုးလင်းမိုးချုပ် ဗီဒီယိုကြည့်
ရာဇာနေဝင်း သိပ်ကြိုက်သည်
နေညိုချိန်ဆို အားလုံး
အပျိုတွေရေခပ်ဆင်းပြီ
မယောင်မလည်နဲ့ သွားပြီး
ရေရေလည်လည်ပွားပြီ
ရေစိုနေတဲ့ မင်းရဲ့အလှအပ မင်းကိုယ်လုံး
အသည်းထဲရစ်ဖွဲ့ ထုံး
ကြင်နာမယ်ဆို မင်းလေးပြောပေါ့
ဘယ့်နှယ့်တုန်း
တစ်ခုခု ဆုံးဖြတ်ဦး
အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့
အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့
ကောင်မလေးတွေ
အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့
အိုး အိုး
အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့
ဟိတ်ကောင်တွေ ဟိတ်ကောင်တွေ မပြေးနဲ့
ဟား ဟား ဟား ဟား
သူကြီးက လိုက်တယ်
တစ်ရွာလုံးထက်ငါ ပိုပြီးတော့မိုက်တယ်
မူယာတွေ မာယာ မလိုပါ ဒါဟာအပိုပါ
နင်ပျော်ရင်တော့ လိုက်ခဲ့
ကြိုက်တယ် နင်ဟာ အလှကွမ်းတောင်ကိုင်
ယောင်ပေ ယောင်ပေလုပ်ပြီးတော့
ငါလွမ်းအောင်မှိုင်
မန်ယူတွေ အာဆင်နယ်တွေ ညဆိုရင်ရူး
ကျန်တာတွေလာမပြောနဲ့ မသိချင်ပါဘူး
ဘဝဟာ ဘာမှ သိပ်မလိုဘူး
ငါ့နာမည် ဂေါ်လီ သိပ်ကိုထူး
အပျိုတွေရှေ့ ရောက်ရင် အမူပိုလို့ 
လူကိုသမုတ်ကြတာ လူပျိုသိုး
မင်းသားဖြစ်ချင်တယ် Fighting ကျင့်
ဒီမှာစဉ်းစား စိတ်ကူးယဉ် ထိုင်နေရင်း
အားလုံးတက်ကြ ငါ့ထော်လာဂျီ
ငါ့ကိုမိန်းကလေးများ အော့ကြောလန်သည်
ရွာမြောက်ဘက်ပိုင်းကတော့ သိပ်မကြည်
ငါ့နာမည်က တောဂေါ်လီ
အားလုံးတက်ကြ ငါ့ထော်လာဂျီ
ငါ့ကိုမိန်းကလေးများ အော့ကြောလန်သည်
ရွာမြောက်ဘက်ပိုင်းကတော့ သိပ်မကြည်
ငါ့နာမည်က တောဂေါ်လီ
အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့
အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့
ကောင်မလေးတွေ
အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့
အိုး အိုး
အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့
အားလုံးတက်ကြ ငါ့ထော်လာဂျီ
ငါ့ကိုမိန်းကလေးများ အော့ကြောလန်သည်
ရွာမြောက်ဘက်ပိုင်းကတော့ သိပ်မကြည်
ငါ့နာမည်က တောဂေါ်လီ
အားလုံးတက်ကြ ငါ့ထော်လာဂျီ
ငါ့ကိုမိန်းကလေးများ အော့ကြောလန်သည်
ရွာမြောက်ဘက်ပိုင်းကတော့ သိပ်မကြည်