menu-iconlogo
logo

တစ်လိမ်နှစ်လိမ်

logo
Letras
တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်တယ်

လူညာကြီးပေါ့ကွယ်

ပျိုပျိုခင်ကို ချစ်ပါပဲနဲ့

ကိုကို ချွဲတော့တယ်

ချစ်တာကိုလေ ပြောပြ စမ်းချင်တယ်

ခင်ယုံကွယ် ကျိန်စာ မောင်ပြုပါ့မယ်

ကြိုက်တာကိုလေ ပြောပြ စမ်းချင်တယ်

ခင်ယုံကွယ် ကျိန်စာ မောင်ပြုပါ့မယ်

ချစ်လို့ရယ် သက်ဆုံး ပေါင်းဖို့ရွယ်

မောင်ရဲ့ အသည်းနှလုံး ကို ခွဲပြချင်တယ်

အိုလှသူဇာနွယ် ချောလည်းချောပေတယ်

ချစ်ချင်ဖွယ် ကိုကို ရှောင်ရှားမရတယ်

တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်တယ်

လူညာကြီးပေါ့ကွယ်

ပျိုပျိုခင်ကို ချစ်ပါပဲနဲ့

ကိုကို ချွဲတော့တယ်

လိမ်တယ်ညာတယ် လူညာကြီးရယ်

ယုံအောင် ဖြီးတတ်တယ်

မောင်ရယ်နောင်ကွယ် ပစ်လို့သွားရင်

ပျိုပျို ခက်တော့မယ်

ချစ်မယ် ကြိုက်မယ် သက်တယ်

အတည် ပြောတာပါကွယ်

ခက်တယ် သက်လယ် မျက်ချယ်

ဘယ်သူများ ကြားကဖျက်တယ်

ပြောပါခင်လေးရယ်

ခင်မင်တာတွေကွယ်

မေတ္တာ ရစ်ပတ်ကာရယ်

သစ္စာခက်လယ် အသွယ်သွယ်

ကြင်နာတာတွေကွယ်

မေတ္တာ ရစ်ပတ် ကာရယ်

သစ္စာခက်လယ် အသွယ်သွယ်

ပြောပြခဲ့လို့ ယုံယုံကြည်ကြည်

ချစ်စေချင်တယ် ချစ်စေချင်တယ်

မောင့်ကို ချစ်ရင် ပြောပါလားကွယ်

တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်တယ်

လူညာကြီးပေါ့ကွယ်

ပျိုပျိုခင်ကို ချစ်ပါပဲနဲ့

ယုံအောင် ချွဲတော့တယ်

လိမ်တယ်ညာတယ် လူညာကြီးရယ်

ယုံအောင် ဖြီးတတ်တယ်

မောင်ရယ်နောင်ကွယ် ပစ်လို့သွားရင်

ပျိုပျို ခက်တော့မယ်

မယုံနိုင်ပါ မောင်ရယ်

ခင့်ကို ပြောတော့ ကြင်မယ်

နောက်ကွယ်ကြတော့ ရှင်လယ်

ခင်ရယ်ယုံပါကွယ်

တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်တယ်

လူညာကြီးပေါ့ကွယ်

ပျိုပျိုခင်ကို ချစ်ပါပဲနဲ့

ကိုကို ချွဲတော့တယ်

လိမ်တယ်ညာတယ် လူညာကြီးရယ်

ယုံအောင် ဖြီးတတ်တယ်

မောင်ရယ်နောင်ကွယ် ပစ်လို့သွားရင်

ပျိုပျို ခက်တော့မယ်

မယုံနိုင်ပါမောင်ရယ်

ခင့်ကို ပြောတော့ ကြင်မယ်

နောက်ကွယ်ကြတော့ ရှင်လယ်

အို ခင်ရယ်ယုံပါကွယ်

မယုံနိုင်ပါမောင်ရယ်

ခင့်ကို ပြောတော့ ကြင်မယ်

နောက်ကွယ်ကြတော့ ရှင်လယ်

အို ခင်ရယ်ယုံပါကွယ်

ရေး စန်းသော်တာ