'မချစ်သောမောင်'
(မေလသံစဉ်)
သာယာပုံများဆန်းကြယ်
ပျော်ရွှင်စရာ နေ့တနေ့ဝယ်
တူနှစ်ကိုဆုံဖို့ချိန်းတယ်
အတူဘုရားသွားကြမယ်
နေရာအနှံ့ပဲ လျှောက်လည်
ကော်ဖီအတူ သောက်လို့ရယ်
အိမ်ပြန်ဖို့ စောသေးတယ်
သူစကားစတော့တယ်
မောင်ရယ်...
တို့ကမြန်မာ မိန်းကလေးပါကွယ်
မင်းစိတ်ကိုလည်းနားလည်တယ်
ဒါပေမယ့်လည်း စိတ်လျှော့ကွယ်
ဘယ်စာကိုရှေးက ဆိုလေခဲ့သလဲ
တကယ်ချစ်ရင်အလို လိုက်ရမယ်
မောင့်ဘာသာမောင်
စောင့်နိုင်အောင်စောင့်
အချိန်မကျသေးဘူး မောင်
မချစ်သောမောင်
ဟိုယောင်ယောင် ဒီယောင်ယောင်
ကလေးလိုပဲ မောင်
လိုတာမရလို့ မပြန်သေးပေါင်
မချစ်သောမောင်
ကြံကြံဖန်ဖန် ဇီဇာကြောင်
မဆိုးရဘူး မောင်
အဖေအမေစကားပဲ တို့နားထာင်
မောင်
Music...
မကြာခင်မှာမိုးချုပ်မယ်
မောင်လာရင်တော့ ကြောက်တယ်
အိမ်ကိုပြန်ပို့တော့ကွယ်
စိတ်ဆိုးမိတော့မယ်
ဒီလိုဆိုတော့ သနားစဖွယ်
မောင်မောင် လူဆိုးလေးရယ်
အငြူစူခံရတော့ကွယ်
မျက်လုံးလေးကလယ်ကလယ်
မောင်ရယ်...
တို့ကမြန်မာ မိန်းကလေးပါကွယ်
မင်းစိတ်ကိုလည်းနားလည်တယ်
ဒါပေမယ့်လည်း စိတ်လျှော့ကွယ်
ဘယ်စာကိုရှေးက ဆိုလေခဲ့သလဲ
တကယ်ချစ်ရင်အလို လိုက်ရမယ်
မောင့်ဘာသာမောင်
စောင့်နိုင်အောင်စောင့်
အချိန်မကျသေးဘူး မောင်
မချစ်သောမောင်
ဟိုယောင်ယောင် ဒီယောင်ယောင်
ကလေးလိုပဲ မောင်
လိုတာမရလို့ မပြန်သေးပေါင်
မချစ်သောမောင်
ကြံကြံဖန်ဖန် ဇီဇာကြောင်
မဆိုးရဘူး မောင်
အဖေအမေစကားပဲ တို့နားထာင်
မချစ်သောမောင်
ဟိုယောင်ယောင် ဒီယောင်ယောင်
ကလေးလိုပဲ မောင်
လိုတာမရလို့ မပြန်သေးပေါင်
မချစ်သောမောင်
ကြံကြံဖန်ဖန် ဇီဇာကြောင်
မဆိုးရဘူး မောင်
အဖေအမေစကားပဲ တို့နားထာင်
မောင်
End...