နွေဦးယံအဖူးအခက်ဆီ
မြပန်းခွေ မခူးရက်ပြီ
ရောင်ယှက်ဖြာသန်းတော့သည်
ပန်းလိပ်ပြာရစ်ဝဲကာနွှဲကြပြီ
နွေဦးယံအဖူးအခက်ဆီ
မြပန်းခွေ မခူးရက်ပြီ
ရောင်ယှက်ဖြာသန်းတော့သည်
ပန်းလိပ်ပြာရစ်ဝဲကာနွှဲကြပြီ
အိုး..ပန်ချင်သူတွေဆွတ်ခူးရန်
မှန်းကြပြီ
ပျို..နီလာအရောင်အသွေးသင်းမွှေးတဲ့
ပန်းဝတ်ရည်
ယိမ်းနွဲ့ပေါ့ ပန်းရွှေညှာတံဝတ်ရည်
ချူမယ့်သူပေါသည်
ရနံသင်းတဲ့ပန်းကလေးကို မနမ်းသေးခင်
အလှမ်းမဝေးအောင် ထိန်းသိမ်းတော့မည်
ယိမ်းနွဲ့ပေါ့ ပန်းရွှေညှာတံဝတ်ရည်
ချူမယ့်သူပေါသည်
ရနံ့သင်းတဲ့ပန်းကလေးကို မနမ်းသေးခင်
အလှမ်းမဝေးအောင် ထိန်းသိမ်းတော့မည်
ခိုင်ရွှေညှာတံ စိမ်းလဲ့လဲ့နဲ့
မာလာဝတ်မှုန်နီ ...
ခင်ခင်ပျိုမဒီ ထိန်းသိမ်းခဲ့လို့
စီရီပွင့်ချပ်တွေညီ ...
မြင်ရသူတိုင်း မြင်ရသူတိုင်း
လိုချင်မက်မောသည်
ယိမ်းနွဲ့ပေါ့ ပန်းရွှေညှာတံဝတ်ရည်
ချူမယ့်သူပေါသည်
ရနံ့သင်းတဲ့ပန်းကလေးကို မနမ်းသေးခင်
အလှမ်းမဝေးအောင် ထိန်းသိမ်းတော့မည်
ယိမ်းနွဲ့ပေါ့ ပန်းရွှေညှာတံဝတ်ရည်
ချူမယ့်သူပေါသည်
ရနံ့သင်းတဲ့ပန်းကလေးကို မနမ်းသေးခင်
အလှမ်းမဝေးအောင် ထိန်းသိမ်းတော့မည်
ဂန္ဓမာတောင် လိုဏ်ချောင်မုဒ်နန်းဆီ
ကုမ္ဘာဏ်တစ်ထောင် စောင့်ကြပ်ကာဆီးသည်
နတ်ပန်းကလေးနဲ့
နတ်ပန်းကလေးနဲ့ သဏ္ဍန်တူညီ
လေယူရာ သင်းမွှေးလို့ လှိုင်စီ
ဘုန်းသမ္ဘာရှင်မျှော်ကိုးလို့စောင့်ခဲ့ပြီ
လေယူရာ သင်းမွှေးလို့ လှိုင်စီ
ဘုန်းသမ္ဘာရှင်မျှော်ကိုးလို့စောင့်ခဲ့ပြီ
အိုး..နေရောင်ခြည်သန်းလို့
မြပန်းဆီ မခန်းမီ
ခဲယဥ်းစွာ ဆွတ်ခူးမယ့်သူကို
ညွှတ်နူးဖို့ ယိမ်းဟန်ချီ ...
ယိမ်း နွဲ့ ပေါ့ ပန်းရွှေညှာတံဝတ်ရည်
ချူမယ့်သူပေါသည်
ရနံ့သင်းတဲ့ပန်းကလေးကို မနမ်းသေးခင်
အလှမ်းမဝေးအောင်
ထိန်းသိမ်းတော့မည်