သဘာဝကို ပုံထင်ပြကာ
ထိကရုန်းလေး များလို
လူတွေ့ရင် မူကာ နွဲ့ကာ
ယိမ်းမယ့် ခင်ပျို
သဘာဝကို ပုံထင်ပြကာ
ထိကရုန်းလေး များလို
လူတွေ့ရင် မူကာ နွဲ့ကာ
ယိမ်းမယ့် ခင်ပျို
ခင့်..ကို
ချစ်ကြိုးတွေ သွယ်ကာရစ်ကာ
မေတ္တာစစ်နဲ့ဆို
ရှောင်ချင်သလို ရှားချင်သလို
မစိမ်းပင်ကြီးရယ် အမူကပို
ဟန်ဆောင်ကာမူပို
ရုန်းတာ်မူနဲ့ပျို
ပန်းနွယ်မျိုးဟာ လက်ဆိတ်ထိုးရင်
ညိုးမှာ စိုးရသကို
ဟန်ဆောင်ကာမူပို
ရုန်းတာ်မူနဲ့ပျို
ပန်းနွယ်မျိုးဟာ လက်ဆိတ်ထိုးရင်
ညိုးမှာ စိုးရသကို
ဒေါလုံး မောလုံး များလွန်းတယ်
ပိုင်ပိုင်နိုင်နိုင် သဘောထားရယ်
မိန်းမသားပါကွယ် စဉ်စားဖွယ်
လွှတ်တော် ရဲလွန်းတယ်
စွဲစွဲမြဲမြဲ ချစ်ဖို့ရယ်
ရွှေဆိုင် ကေခိုင် ပန်းကိုကွယ်
ညိုးနွမ်းမှာ ကိုစိုးလှတယ်
လွှတ်တော် ရဲလွန်းတယ်
ထောက်ဆကာ ညှာကွယ်
ခင်မင်သူ မောင်ရယ်
တော်ပါကွယ် တန်ပါကွယ်
ကဲလွန်း သဲလွန်းတယ်
စွဲစွဲမြဲမြဲ ချစ်ဖို့ကွယ်
ကြင်ကြင်နာနာ တရားနဲ့ရယ်
အေးအေးသာကြည့် ချစ်ပေါ့ကွယ်
မရုန်းပါနဲ့ မျက်ခြယ်
တော်ပါ ကိုလူလည်
လှည့်ပတ်နိုင် လွန်းတယ်
ပန်းနွယ်မျိုးဟာ လက်ဆိတ်ထိုးရင်
ညိုးမှာ စိုးရတယ်
တော်ပါ ကိုလူလည်
လှည့်ပတ်နိုင် လွန်းတယ်
ပန်းနွယ်မျိုးဟာ လက်ဆိတ်ထိုးရင်
ညိုးမှာ စိုးရတယ်
ဒေါလုံး မောလုံး များလွန်းတယ်
ပိုင်ပိုင်နိုင်နိုင် သဘောထားရယ်
မိန်းမသားပါကွယ် စဉ်စားဖွယ်
လွှတ်တော် ရဲလွန်းတယ်
စွဲစွဲမြဲမြဲ ချစ်ဖို့ရယ်
ရွှေဆိုင် ကေခိုင် ပန်းကိုကွယ်
ညိုးနွမ်းမှာ ကိုစိုးလှတယ်
လွှတ်တော် ရဲလွန်းတယ်
ထောက်ဆကာ ညှာကွယ်
ခင်မင်သူ မောင်ရယ်
တော်ပါကွယ် တန်ပါကွယ်
ကဲလွန်း သဲလွန်းတယ်
စွဲစွဲမြဲမြဲ ချစ်ဖို့ကွယ်
ကြင်ကြင်နာနာ တရားနဲ့ရယ်
အေးအေးသာကြည့် ချစ်ပေါ့ကွယ်
မရုန်းပါနဲ့ မျက်ခြယ်
တော်ပါ ကိုလူလည်
လှည့်ပတ်နိုင် လွန်းတယ်
ပန်းနွယ်မျိုးဟာ လက်ဆိတ်ထိုးရင်
ညိုးမှာ စိုးရတယ်
တော်ပါ ကိုလူလည်
လှည့်ပတ်နိုင် လွန်းတယ်
ပန်းနွယ်မျိုးဟာ လက်ဆိတ်ထိုးရင်
ညိုးမှာ စိုးရတယ်.
စွဲစွဲမြဲမြဲ ချစ်ဖို့ကွယ်
ကြင်ကြင်နာနာ တရားနဲ့ရယ်
အေးအေးသာကြည့် ချစ်ပေါ့ကွယ်
မရုန်းပါနဲ့ မျက်ခြယ်
စွဲစွဲမြဲမြဲ ချစ်ဖို့ကွယ်
ကြင်ကြင်နာနာ တရားနဲ့ရယ်
အေးအေးသာကြည့် ချစ်ပေါ့ကွယ်
မရုန်းပါနဲ့ မျက်ခြယ်
တစ်လိမ်နှစ်လိမ်
ပွေလိမ်ရှုပ်တယ် လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ
့ကိုကို ချွဲတော့တယ်
ချစ်တာကိုလေ ပြောပြစမ်းချင်တယ်
ခင် ယုံကွယ် ကျိန်စာမောင်ပြုပါမယ်
ကြိုက်တာကိုလေ ပြောပြစမ်းချင်တယ်
ခင် ယုံကွယ် ကျိန်စာမောင်ပြုပါ့မယ်
ချစ်လို ့ရယ် သက်ဆုံးပေါင်းဖို ့ရွယ်
မောင်ရဲ့ အသည်းနှလုံးကို ခွဲပြချင်တယ်
အို လှသူဇာနွယ် ချောလဲ ချောပေတယ်
ချစ်ချင်ဖွယ် ကိုကိုရှောင်ရှား မရတယ်
တစ်လိမ်နှစ်လိမ်
ပွေလိမ်ရှုပ်တယ် လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ
့ကိုကို ချွဲတော့တယ်
လိမ်တယ်ညာတယ် လူညာကြီးရယ်
ယုံအောင်ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ် ပစ်လို့သွားရင်
ပျိုပျိုခက်တော့မယ်
ချစ်မယ်ကြိုက်မယ်သက်လယ်
အတည်ပြောတာပါကွယ်
ခက်တယ် သက်လယ် မျက်ချယ်
ဘယ်သူများ ကြားက ဖျက်တယ်
ပြောပါ ခင်လေးရယ်
ခင်မင်တာတွေကွယ်
မေတ္တာရစ်ပတ်ကာရယ်
သစ္စာခက်လတ် အသွယ်သွယ်
ကြင်နာတာတွေကွယ်
မေတ္တာရစ်ပတ် ကာရယ်
သစ္စာခက်လတ် အသွယ်သွယ်
ပြောပြခဲ့လို ယုံယုံကြည်ကြည်
ချစ်စေချင်တယ်
ချစ်စေချင်တယ်
မောင့်ကိုချစ်ရင် ပြောပါလားကွယ်
တစ်လိမ်နှစ်လိမ်
ပွေလိမ်ရှုပ်တယ် လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ
့ကိုကို ချွဲတော့တယ်
လိမ်တယ်ညာတယ် လူညာကြီးရယ်
ယုံအောင်ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ် ပစ်လို့သွားရင်
ပျိုပျိုခက်တော့မယ်
မယုံနိုင်ပါမောင်ရယ်
ခင့်ကိုပြောတော့ကြင်မယ်
နောက်ကွယ်ကျတော့ ရှင်လယ်
ခင်ရယ် ယုံပါကွယ်
တစ်လိမ်နှစ်လိမ်
ပွေလိမ်ရှုပ်တယ် လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ
့ယုံအောင် ချွဲတော့တယ်
လိမ်တယ်ညာတယ် လူညာကြီးရယ်
ယုံအောင်ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ်
ပစ်လို့သွားရင် ပျိုပျိုခက်တော့မယ်
မယုံနိုင်ပါမောင်ရယ်
ခင့်ကိုပြောတော့ကြင်မယ်
နောက်ကွယ်ကျတော့ ရှင်လယ်
ခင်ရယ် ယုံပါကွယ်
မယုံနိုင်ပါမောင်ရယ်
ခင့်ကိုပြောတော့ကြင်မယ်
နောက်ကွယ်ကျတော့ ရှင်လယ်
ခင်ရယ် ယုံပါကွယ်
ဆိုလို့ အဆင်မပြေရင် စာပို့ပါနော်